တရုတ်နဲ့ မလေးရှား အပြန်အလှန်ကုန်သွယ်မှုကို ၂၀၁၇ ခုနှစ်အရောက်မှာ ဒေါ်လာ ၁၆၀ ဘီလီယံအထိ တိုးမြှင့်သွားဖို့ရှိ

China- Malaysia copy 1
တရုတ်သမ္မတ  Xi Jinping  ရဲ့ မလေးရှားနိုင်ငံခရီးစဉ်အတွင်း မလေးရှား ဝန်ကြီးချုပ် Najib Razak  နဲ့ တွေ့ဆုံရာမှာ နှစ်နိုင်ငံ အပြန်အလှန်ကုန်သွယ်မှုကို ၂၀၁၇ ခုနှစ်အရောက်မှာ ဒေါ်လာ ၁၆၀ ဘီလီယံအထိ တိုးမြှင့်သွားဖို့ အစီအစဉ်ကို ခေါင်းဆောင်နှစ်ဦးစလုံးက ပြောဆိုခဲ့ကြပါတယ်။ ၁၉၇၄ ခုနှစ်ကတည်းက စတင်ခဲ့တဲ့ တရုတ်နဲ့ မလေးရှားတို့ သံတမန်ဆက်သွယ်မှု နှစ်ပေါင်း ၄၀ နီးပါးရှိလာချိန်မှာ တရုတ်နိုင်ငံဟာ အမေရိကန်ကိုကျော် ဖြတ်ပြီး မလေးရှားနိုင်ငံရဲ့ အကြီးဆုံး ကုန်သွယ် ဖက်နိုင်ငံ ဖြစ်လာပါတယ်။  ယမန်နှစ်က နှစ်နိုင်ငံ အပြန်အလှန်ကုန်သွယ်မှုတန်ဖိုး ဒေါ်လာ ၉၀ ဘီ လီယံကျော်ရှိခဲ့ပြီး ယခုနှစ် ပထမနှစ်ဝက်မှာတင် ဒေါ် လာ ၅၀ ဘီလီယံကျော် ရှိနေပါပြီ။ မလေးရှားနိုင်ငံဟာ အာဆီယံဒေသရှိ နိုင်ငံတွေအနက် တရုတ်နိုင်ငံနဲ့ အကြီးဆုံး ကုန်သွယ်ဖက်လည်း ဖြစ်ပါတယ်။ IT ၊ Green Technology၊ ဇီဝနည်းပညာနဲ့ အာကာသနည်းပညာနယ်ပယ်တွေမှာလည်း ပူးပေါင်းဆောင်ရွက်သွားဖို့ ရှိပါတယ်။ တရုတ်နိုင်ငံဟာ ကွာလာလမ်ပူကနေ စင်ကာပူအထိ မြန်နှုန်းမြင့် ရထားလမ်း စီမံကိန်းအတွက်လည်း အထူးစိတ်ဝင်တစား ပါဝင်ဆောင်ရွက်ဖို့ ပြောထားပါတယ်။                 Ref: CAN