တရုတ်နိုင်ငံက လာအိုနိုင်ငံမှာ အများဆုံး ရင်းနှီးမြှုပ်နှံသူဖြစ်လာ

China Laos copy ၂၀၁၂-၂၀၁၃ ခုနှစ် ဘဏ္ဍာရေးနှစ်ရဲ့ ပထမ ၁၁ လမှာ တရုတ်နိုင်ငံဟာ လာအိုနိုင်ငံမှာ ဒေါ်လာ ၁.၃၃ ဘီလီယံတန်တဲ့ စီမံကိန်းများနဲ့ အများဆုံး နိုင်ငံခြားရင်းနှီးမြှုပ်နှံ သူ ဖြစ်လာပါတယ်။ အဲဒီကာလမှာ ထိုင်းနိုင်ငံကတော့ ဒေါ်လာ ၄၁၆ သန်းနဲ့ ဒုတိယအများဆုံး ဖြစ်ပါတယ်။ လာအိုနိုင်ငံမှာ အများဆုံးလာရောက် ရင်းနှီးမြှုပ်နှံတဲ့ နယ်ပယ်က စွမ်းအင်ကဏ္ဍဖြစ်ပြီး ဒေါ်လာ ၁.၅၆ ဘီလီယံရှိကာ ဒုတိယအများဆုံးက သတ္တုတွင်းကဏ္ဍဖြစ်ပြီး ဒေါ်လာ ၁.၀၅ ဘီလီယံ ရှိပါတယ်။ လာအိုအစိုးရ ဟာ နိုင်ငံရဲ့ GDP ဖွံ့ဖြိုးမှုကို ၈ ရာခိုင်နှုန်းမှာ သတ်မှတ်ထားပြီး  ရင်းနှီးမြှုပ်နှံမှု တန်ဖိုး ဒေါ်လာ ၁.၇ ဘီလီယံ အနည်းဆုံး လိုအပ်ပါတယ်။ Ref: China Daily