တရုတ်နိုင်ငံရဲ့ ကုန်ထုတ်လုပ်မှု ၁၉ လကြာ ဆက်လက်မြင့်တက်နေ

[caption id="attachment_7539" align="alignnone" width="300"]တရုတ်နိုင်ငံရှိ ကုန်ထုတ်လုပ်ရေး စက်ရုံတစ်ခုအားတွေ့ရစဉ် တရုတ်နိုင်ငံရှိ ကုန်ထုတ်လုပ်ရေး စက်ရုံတစ်ခုအားတွေ့ရစဉ်[/caption] ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ ကုန်ထုတ်လုပ်ရေးဖွံ့ဖြိုးမှုဟာ နိုဝင်ဘာလမှာ ယခင်လတွေမှာလိုပဲ ဆက်လက်အားကောင်းလျှက် ရှိပါတယ်။ အမျိုးသားစာရင်းအင်းဗျူရိုက PMI (Purchasing Manager's Index) ညွှန်းကိန်းအရ အခုလို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ ခုလိုဖွံ့ဖြိုးမှုကို ၁၉ လကြာ ထိန်းထားနိုင် တာကြောင့် တရုတ်နိုင်ငံဟာ ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းကတည်းက ပြန်လည်နိုးထလာကြောင်းဖော်ပြလိုက်တာ ဖြစ်ပါတယ်။ တရားဝင်ကိန်းဂဏန်းတွေအရ တရုတ်နိုင်ငံရဲ့ စီးပွားရေးဟာလည်း ပြီးခဲ့တဲ့ ဇူလိုင်လမှ စက်တင်ဘာလအတွင်း ၇.၈ ရာခိုင်နှုန်း ဖွံ့ဖြိုးခဲ့ပါတယ်။ Ref: AFP