Certificate in Advertising သင်တန်းအမှတ်စဉ်တစ် ဖွင့်ပွဲ ကျင်းပ

DSC_0061 DSC_0038 DSC_0024 DSC_0037   အမျိုးသားစီမံခန့်ခွဲမှုကောလိပ်(NMC)နဲ့ Sagaing Innovation Group(SIG) Co.,Ltd တို့ပှုးပေါင်းဖွင့်လှစ်တဲ့ Certificate in Advertising သင်တန်းအမှတ်စဉ်တစ် ဖွင့်ပွဲ အခမ်းအနားကို 2015 ခုနှစ် သြဂုတ်လ ၁၅ ရက်က ရန်ကုန်မြို့ရှိ NMC ကောလိပ်တွင် ကျင်းပခဲ့ပါတယ်။ Advertising သင်တန်းကာလမှာ ခြောက်လ ကြာမြင့်မှာဖြစ်ပြီး သင်တန်းပြီးဆုံးပါက Certificate ရရှိမှာ ဖြစ်ပါတယ်။ သင်တန်းအောင်မြင်လို့နောက်ထပ် ခြောက်လထပ်မံသင်ယူပြီးမြောက်ပါက Diploma in Advertising ဘွဲ့ကို ရရှိမှာ ဖြစ်ပါတယ်။     SIG Company Limited ဟာ မြန်မာနိုင်ငံ လူ့စွမ်းအားအရင်းအမြစ် ဖွံဖြိုးတိုးတက်ဖို့နဲ့ ထောက်ပံ့ပေးဖို့အတွက် တည်ထောင်ထားတဲ့ ကုမ္ပဏီ ပြီး ဂျပန်နိုင်ငံက ကမ္ဘာအဆင့် Advertising Company ဖြစ်တဲ့ HAKUHODO Inc နဲ့ ပှုးပေါင်းပြီးသင်တန်းတွေလည်း ဖွင့်လှစ်ဖို့ ရည်ရွယ်ထားပါတယ်။ မြန်မာနိုင်ငံမှာ ကြော်ငြာလုပ်ငန်းနဲ့ ပက်သက်တဲ့ ကျွမ်းကျင်ပညာရှင်တွေကို စနစ်တကျမွေးထုတ်ပေးနိုင်ဖို့ရည်ရွယ်ပြီး ဖွင့်လှစ်ခဲ့တာ လို့လည်း သိရပါတယ်။ သင်တန်းတွင် ဓာတ်ပုံ ရိုက်ကူးခြင်း၊Editing ပြုလုပ်ခြင်း၊Script ရေးနည်း၊ ကြော်ငြာနည်းဗျူဟာများနဲ့ အခြားသိသင့်သည်များကို သင်ကြားပေးမယ်လို့ လည်း သိရှိပါတယ်။