အောင်မြင်ကျော်ကြားတဲ့ CEO တွေ နှစ်နှစ်ခြိုက်ခြိုက်ဖတ်လေ့ရှိတဲ့ စာအုပ် ၁၀ အုပ်

book2017June0

စာဖတ်ခြင်းက အကြောင်းအရာအသစ်တွေ၊ တီထွင်ဖန်တီးနိုင်စွမ်း စိတ်ကူးတွေနဲ့အတူ သင့်ရဲ့ Professional Life ကို တိုးတက်စေမယ့် အချက်အလက်တွေကို လေ့လာသင်ယူနိုင်တဲ့ အကောင်းဆုံးနည်းလမ်းပဲဖြစ်ပါတယ်။ ဒါကြောင့် ကမ္ဘာ့အကြီးကျယ်ဆုံး စီးပွားရေးခေါင်းဆောင်တွေ စာအုပ်စာပေ လေ့လာလိုက်စားတာဟာ မထူးဆန်းပါဘူး။

တကယ်လို့ Fortune 500 ကုမ္ပဏီက CEO ၊ ဒါမှမဟုတ် အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်က အသင်းတစ်ခုလုံးကို စီမံခန့်ခွဲနေချိန်၊ လုပ်ငန်းအသစ်တွေ ထပ်ပြီးတည်ထောင်နေချိန်၊ ပရောဂျက်တွေ ဦးစီးလုပ်ကိုင်နေချိန်မှာတောင် စာအုပ်ဖတ်နိုင်ရင် ကျွန်တော်တို့တွေအနေနဲ့ စာအုပ်မဖတ်နိုင်စရာ အကြောင်းမရှိပါဘူး။

တချို့အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တွေက ဂန္ထဝင်စာပေတွေကို ကြိုက်နှစ်သက်ကြတယ်။ တချို့က အလုပ်အကိုင်ကြီးပွားတိုးတက်ဖို့အတွက် Inspire ဖြစ်စေမယ့် စာအုပ်တွေကြိုက်ကြတယ်။ အောင်မြင်ကျော်ကြားတဲ့ လုပ်ငန်းရှင်တစ်ယောက်ဆိုရင် စုံထောက်ဝတ္ထုတွေကိုပဲ စွဲစွဲလမ်းလမ်းဖတ်တယ်။ ဒါကြောင့် Bill Gates ၊ Jeff Bezos ၊ Elon Musk နဲ့ တခြားအောင်မြင်ကျော်ကြားသူတွေရဲ့ အနှစ်သက်ဆုံးစာအုပ်တွေက ဘာတွေလဲဆိုတာ ဖော်ပြလိုက်ပါတယ်။

book2017June1

Jeff Bezos: “ The Remains of The Day”

Business Insider ရဲ့ လတ်တလောထုတ်ပြန်ချက်အရ Amazon ရဲ့ CEO က စိတ်ကူးယဉ်ဝတ္ထုတွေကနေတစ်ဆင့် လေ့လာသင်ယူပြီး အင်္ဂလန်စစ်ပြီးခေတ်က ကျွန်တစ်ယောက်အကြောင်း ရေးထားတဲ့ ဒီဝတ္ထုက သူအကြိုက်ဆုံးဝတ္ထုတွေထဲက တစ်ပုဒ်ဖြစ်ပါတယ်။

book2017June2

Bill Gates: “The Catcher in the Rye”

Microsoft Co-Founder က သူငယ်ငယ်လေးကတည်းက J.D. Salinger ရဲ့ ဂန္တဝင်လက်ရာတွေကို ကြိုက်နှစ်သက်ခဲ့ပါတယ်။ Academy of Achievement ကို Bill Gates က “Catcher in the Rye” ကို အသက် ၁၃ နှစ်မတိုင်ခင်အထိ သိပ်မဖတ်ဖြစ်ခဲ့ပါဘူး။ အဲဒီနောက်ပိုင်းမှသာ ကျွန်တော်ရဲ့ အနှစ်သက်ဆုံးစာအုပ် ဖြစ်လာပါတယ်။ အဲဒီစာအုပ်က သိပ်ကောင်းပါတယ်” လို့ ပြောခဲ့ပါတယ်။

book2017June3

Mark Zuckerberg: “ Portfolios of the Poor : How the World’s Poor Live on $2 a Day”

Facebook ရဲ့ CEO က သူ့ရဲ့ လတ်တလောထုတ်ပြန်ထားတဲ့ ‘စာအုပ်များရဲ့နှစ်’ စာရင်းထဲမှာ စာအုပ် ၂၃ အုပ်ကို အဓိကဖော်ပြခဲ့ပြီး Daryl Collins ၊ Jonathan Morduch ၊ stuart Rutherford နဲ့ Orlanda Ruthven တို့ ရေးသားထားတဲ့ “ Portfolios of the Poor : How the World’s Poor Live on $ 2 a Day” စာအုပ်ပါဝင်ခဲ့ပါတယ်။

book2017June4

James Gorman : “ Tinker, Tailor, Soldier, Spy : A George Smiley Novel ”

Morgan Stanley ရဲ့ CEO က Daniel James Brown ရဲ့ “Boys in the Boat” စာအုပ်အပြင် စုံထောက်စာအုပ်တွေဖြစ်တဲ့ “Tinker Tailor Soldier” ကိုလည်း နှစ်သက်သူတစ်ယောက်ဖြစ်ပါတယ်။

book2017June5

Steve Jobs : “The Innovator’s Dilemma: The Revolutionary Book That Will Change the Way You Do Business”

ကမ္ဘာ့သြဇာအရှိဆုံး စွန့်ဦးတီထွင်သူတွေထဲကတစ်ယောက်ဖြစ်တဲ့ Steve Jobs ကို ထဲထဲဝင်ဝင်လွှမ်းမိုးနိုင်တဲ့ စာအုပ်ကတော့ “ The Innovator’s Dilemma” ဖြစ်ပါတယ်။ ဒါကြောင့် ဒီစာအုပ်က သင့်အချိန်က တန်ဖိုးရှိရှိ အသုံးချဖို့ ထိုက်တန်တဲ့စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ ဈေးကွက်မှာ လူသိထင်ရှား အရောင်းရဆုံး စီးပွားရေးလုပ်ငန်းဆိုင်ရာ စာအုပ်တွေထဲကတစ်အုပ်ဖြစ်ပြီး Wall Street Journal ၊ New York Times နဲ့ Business Week အစရှိတဲ့ မဂ္ဂဇင်းတွေဆီကနေ အထူးသုံးသပ်ချက်တွေ ရထားပါတယ်။

book2017June6

Tim Cook : “Competing Against Time : How Time-Based Competition is Reshaping Global Markets”

Apple ရဲ့ CEO က “Competing Against Time” စာအုပ်တွေကို သူ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဝန်ထမ်းအသစ်တွေကို ပေးခဲ့ပါတယ်။ Apple ကုမ္ပဏီမှာ အလုပ်မလုပ်ရင်တောင်မှ ဒီစာအုပ်ရဲ့ အကျိုးစီးပွား ဖြစ်ထွန်းအောင် လုပ်ကိုင်နည်းတွေက သင့်ရဲ့လုပ်ငန်းဆောင်တာတွေကို အကျိုးရှိအောင် လုပ်ကိုင်တတ်စေပြီး  ရေရှည်မှာ သင့်အလုပ်ကို အကျိုးစီးပွားဖြစ်ထွန်းစေပါလိမ့်မယ်။

book2017June7

Melanie Whelan : “The Happiness Advantage”

အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းတိုင်းအတွက် ကောင်းမွန်တဲ့ကုမ္ပဏီအဖွဲ့အစည်းဟာ မရှိမဖြစ်လိုအပ်ပါတယ်။ Soul Cycle ရဲ့ CEO Melanie Whelan က Shawn Achor ရဲ့ “The Happiness Advantage” စာအုပ်က သူ့ကုမ္ပဏီတစ်ခုလုံးရဲ့ အရင်းအမြစ်ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

book2017June8

Richard Branson : “ I Know Why the Caged Bird Sings”

Richard Branson က သူ့ကုမ္ပဏီရဲ့ Website မှာ ဖတ်သင့်တဲ့ စာအုပ်စာရင်းကို “Where the Wild Things Are” ကနေ “The Hobbit” အထိဖော်ပြီထားပြီး Bill Clinton ရဲ့ လက်စွဲစာအုပ်ဖြစ်တဲ့ Maya Angelou ရေးသားတဲ့ “I Know Why the Caged Bird Sings” စာအုပ်လည်း ပါဝင်ပါတယ်။

book2017June9

Elon Musk : “ Benjamin Franklin : An American Life”

SpaceX နဲ့ Tesla Motors တို့ရဲ့ Founder Elon Musk က ကုမ္ပဏီကြီးတွေရဲ့နောက်က ဉာဏ်ကြီးရှင်တစ်ဦး ဖြစ်ပါတယ်။ ဒါကြောင့် Benjamin Franklin လို အောင်မြင်တဲ့ Multitasker အကြောင်းရေးထားတဲ့စာအုပ်က သူ့လက်စွဲတော်ဖြစ်နေတာ မထူးဆန်းပါဘူး။ ဒီစမ်းသပ်တီထွင်သူရဲ့ဘဝကို စာရေးဆရာ၊ တီထွင်ဖန်တီးသူ၊ သိပ္ပံပညာရှင်နဲ့ နိုင်ငံရေးသမားအဖြစ် ဒီစာအုပ်မှာ အကျယ်တဝင့် ဖော်ပြထားပါတယ်။

book2017June10

Indra Nooyi : “The Road to Character”

PepsiCo ရဲ့ CEO က သူ မနှစ်က ဖတ်ခဲ့တဲ့စာအုပ်တွေထဲမှာ David Brooks ရဲ့ “The Road to Character” က အလွှမ်းမိုးနိုင်ဆုံးစာအုပ်လို့ ပြောခဲ့ပါတယ်။ “ စာရိတ္တပိုင်းဆိုင်ရာ တည်ဆောက်ရာက လုပ်ငန်းတစ်ခု တည်ဆောက်သလို အရေးကြီးကြောင်း သမီးနှစ်ယောက်နဲ့ ဆွေးနွေးတဲ့အခါ အထောက်အကူဖြစ်ခဲ့တယ်” လို့ Nooyi က Fortune ကို ပြောခဲ့ပါတယ်။

အယ်ဒီတာအဖွဲ့