ဥရောပသို့ခြေဆန့်လာသည့် အာရှလုပ်ငန်းစု Central Group

Central Group စီးပွားရေးလုပ်ငန်းစုဟာ ထိုင်းနိုင်ငံရဲ့ ထင်ရှားတဲ့ထိပ်တန်းစီးပွားရေး လုပ်ငန်းစုကြီးဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ လက်လီအရောင်းလုပ်ငန်းစုတွေဖြစ်တဲ့ Central ၊ Robinson နဲ့ Zen Department Store တွေကို ပိုင်ဆိုင်ပါတယ်။ ထိုင်းနိုင်ငံရဲ့ လက်လီကုန်တိုက်လုပ်ငန်းတွေနဲ့ အောင်မြင်နေတဲ့ Central Group ဟာ မကြာသေးတဲ့ ကာလအတွင်းမှာ ဥရောပကို လုပ်ငန်းချဲ့ထွင်ပြီး ကမ္ဘာ့စင်မြင့်မှာ ဝင့်ထည်ဖို့ ကြိုးပမ်းလာပါတယ်။

[caption id="attachment_27252" align="alignnone" width="370"]cg2Central Group ရဲ့ ဖခင်ကြီး Tiang Chirathivat[/caption]

Central ရဲ့အစ . . .

ဟိုင်နန်ကျွန်းကနေ ထိုင်းနိုင်ငံကို စွန့်စားရောက်ရှိလာတဲ့ Tiang Chirathivat ဟာ ၁၉၄၇ ခုနှစ်မှာ ကုန်မျိုးစုံရောင်းတဲ့ဆိုင်ကို ဘန်ကောက်မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ Tiang Chirathivat မှာ ဇနီးသုံးဦးရှိပြီး သားသမီး ၂၅ ဦး ထွန်းကားခဲ့ပါတယ်။

နောင်ဆယ်နှစ်ကြာ ၁၉၅၇ ခုနှစ်မှာ သူ့ရဲ့သားဖြစ်သူ Samrit Chirathivat က ပထမဆုံး Central Department Store ကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။

လက်ရှိ Central Group ရဲ့ CEO ဖြစ်သူဟာ Samrit Chirathivat သားသမီးရှစ်ဦးထဲက အငယ်ဆုံးသား ဖြစ်ပါတယ်။

cg3

Central Group ဟာ လောလောဆယ် ထိုင်းနိုင်ငံမှာ လက်လီကုန်တိုက် ၆၁ ခု၊ အင်ဒိုနီးရှားနဲ့မလေးရှားမှာ တစ်ခုစီနဲ့ ဗီယက်နမ်မှာ နှစ်ခုဖွင့်လှစ်ထားပါတယ်။

Central Group ဟာ ၂၀၁၅ ခုနှစ်မှာ Central Embassy ဆိုတဲ့ ထိပ်တန်းဇိမ်ခံကုန်တိုက်ကြီးကို ဖွင့်လှစ်ခဲ့ပါတယ်။ အထပ်ခြောက်ထပ်ရှိတဲ့ကုန်တိုက်ကြီးမှာ ကမ္ဘာတစ်ဝန်းက နာမည်ကြီးအမှတ်တံဆိပ်တွေကို ရောင်းချနေပြီး အဲဒီအပေါ်ထပ်မှာ Park Hyatt ဇိမ်ခံဟိုတယ်ကို ဖွင့်လှစ်ဖို့ ပြင်ဆင်နေပါတယ်။ ၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာ စတင်ဖွင့်လှစ်မယ်လို့ ဆိုပါတယ်။

[caption id="attachment_27254" align="alignnone" width="370"]cg4Central Group ရဲ့ တတိယမျိုးဆက် CEO – Tos Chirathivat[/caption]

ဒီလိုအောင်မြင်မှုနဲ့ အတွေ့အကြုံတွေကို အခြေခံပြီး Central Group ဟာ ဥရောပဘက်ကို ခြေလှမ်းလာခဲ့ပါတယ်။

ဥရောပသို့ ချဲ့ထွင်ခြင်း . . .

Central Group ရဲ့ ပထမဦးဆုံးဥရောပခြေလှမ်းဟာ အီတလီနိုင်ငံမှာ အစပြုပါတယ်။ အဲဒါကတော့ Central Group က နှစ်ပေါင်း ၁၅၀ သက်တမ်းရှိတဲ့ La Rinascente ကုန်တိုက်လုပ်ငန်းကြီးတစ်ခုလုံးကို ယူရိုငွေ သန်း ၂၆၀ နဲ့ ၂၀၁၁ ခုနှစ်မှာ ဝယ်ယူလိုက်တာပါ။ ဒီလို ဝယ်ယူလိုက်ခြင်းအားဖြင့် အီတလီနိုင်ငံရဲ့ အဓိကမြို့တွေဖြစ်တဲ့ ရောမ၊ မီလန်၊ တူရင်၊ ဂျီနိုအာ၊ ဖလောရင့် အစပြုတဲ့ အဓိကမြို့ကြီးတွေမှာ La Rinascente ကုန်တိုက် ၁၁ ခုကို ပိုင်ဆိုင်ရရှိလိုက်ပါတယ်။ ရောမမြို့မှာ La Rinascente ကုန်တိုက်နှစ်ခု ရှိပါတယ်။

[caption id="attachment_27255" align="alignnone" width="576"]cg5ရောမမြို့ရှိ La Rinascente[/caption]

ဒီမှာတင် ရပ်တန့်မနေဘဲ ၂၀၁၃ ခုနှစ်မှာ ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့မှာရှိတဲ့ Illum ကုန်တိုက်ကို ထပ်မံဝယ်ယူခဲ့ပါတယ်။ Illum ဟာလည်း သက်တမ်း နှစ်ပေါင်း ၁၂၀ ရှည်ကြာပြီဖြစ်တဲ့ ကုန်တိုက်ကြီးတစ်ခု ဖြစ်ပါတယ်။

[caption id="attachment_27256" align="alignnone" width="576"]cg6ကိုပင်ဟေဂင်ရှိ Illum ကုန်တိုက်[/caption]

ဒီ Illum Department Store ကို ဝယ်ယူလိုက်ခြင်းဖြင့် Central group ဟာ ကမ္ဘာ့လက်လီကုန်တိုက်လောကကို မှင်တက်သွားစေခဲ့ပါတယ်။ ဘယ်အာရှက ကုမ္ပဏီမှ ဒီလိုဥရောပကို ချဲ့ထွင်ခဲ့ဖူးတာမရှိလို့ပါ။

လောလောလတ်လတ် ၂၀၁၅ ခုနှစ်မှာပဲ Central Group ဟာ ဂျာမနီနိုင်ငံ၊ ဘာလင်မြို့မှာရှိတဲ့ Kaufhas des Westens ကုန်တိုက်ကြီးရဲ့ အစုရှယ်ယာအများစုကို ထပ်မံဝယ်ယူခဲ့ပြန်ပါတယ်။

Central Group က ပိုင်ဆိုင်သည့် ဂျာမနီနိုင်ငံရှိ ညီနောင်ကုန်တိုက်များ

[caption id="attachment_27257" align="alignnone" width="576"]cg7[caption id="attachment_27258" align="alignnone" width="576"]cg8Alsterhaus ဟမ်းဘတ်မြို့[/caption] [caption id="attachment_27259" align="alignnone" width="576"]cg9Oberpollinger မြူးနစ်မြို့[/caption]

ဒီကုန်တိုက်ကြီးဟာ Ka De We လို့ လူသိများပြီး ဘာလင်မှာ သူ့ရဲ့အဆင့်အတန်းနဲ့ ကျော်ကြားမှုဟာ လန်ဒန်က ဟားရော့ဒ်ကုန်တိုက် (Harrods) ရဲ့ အဆင့်အတန်းနဲ့ ညီမျှပါတယ်။ Central Group ဟာ ဒီကုန်တိုက်လုပ်ငန်းကို ထိန်းချုပ်နိုင်စွမ်းရှိတဲ့ ရှယ်ယာအများစုကို ဝယ်ယူခဲ့တာပါ။ ဒီလိုဝယ်ယူလိုက်တာကြောင့် ဟမ်းဘတ် (Hamburg) မြို့မှာရှိတဲ့ Alsterhas ကုန်တိုက်နဲ့ မြူးနစ်မှာရှိတဲ့ Oberpollinger (ညီနောင်ကုန် တိုက်နှစ်ခု) ကို ထိန်းချုပ်လည်ပတ်ခွင့်ကိုပါ ရရှိသွားပါတယ်။ ဒီလိုဝယ်ယူမှုအပြီးမှာ Central Group ဟာ ဥရောပတိုက်မှာ တတိယအကြီးဆုံးလက်လီကုန်တိုက် လုပ်ငန်းတွေ လုပ်ကိုင်သူဖြစ်လာပါတော့တယ်။

ဒီလိုဥရောပကို လုပ်ငန်းတိုးချဲ့မှုကို တာဝန်ယူဆောင်ရွက်သူကတော့ Central Group ရဲ့လုပ်ငန်းခွဲ Central Department Store Group ရဲ့ CEO ဖြစ်တဲ့ Yuwadee Chirathivat ပဲဖြစ်ပါတယ်။ Central Group ရဲ့ တတိယမျိုးဆက်၊ Tiang chirathivat ရဲ့ မြေးတော်စပ်ပြီး Group CEO ဖြစ်သူ Tos Chirathivat ရဲ့ အစ်မ ဖြစ်ပါတယ်။

[caption id="attachment_27251" align="alignnone" width="370"]cg1Yuwadee Chirathivat
CEO
Central Department Store Group[/caption]

ဒီလိုဥရောပကို ထိုးဖောက်လိုက်တာကြောင့် ကျွန်မတို့ Group အတွက် ချမ်းသာကြွယ်ဝတဲ့ ဖောက်သည်တွေ အများကြီးပိုရလာတယ်။ ဥရောပက ဖောက်သည်တွေသာမကဘဲ အဲဒီဒေသကို သွားရောက်လည်ပတ်တဲ့ အာရှက ဖောက်သည်တွေပါ အများကြီးရလာတာပါ။ ခရီးသွားလုပ်ငန်းကို တိုးဝင်ချဲ့ထွင်သွားဖို့ဟာ ကျွန်မတို့ရဲ့ ရေရှည်မဟာဗျူဟာပါလို့ Yuwadee က ပြောပါတယ်။

[caption id="attachment_27260" align="alignnone" width="576"]cg10ဘန်ကောက်မြို့ရှိ Central Embassy ကုန်တိုက်[/caption]

Forbes မဂ္ဂဇင်းရဲ့စာရင်းအရ Central Group ဟာ အာရှအချမ်းသာဆုံး မိသားစုအဆင့် ၁၄ နေရာမှာရှိပြီး ထိုင်းနိုင်ငံရဲ့ အချမ်းသာဆုံးမိသားစုမှာ အဆင့်သုံးနေရာမှာ ရှိနေပါတယ်။ သူတို့ရဲ့စုစုပေါင်း ပိုင်ဆိုင်မှုဟာ ယူရို ၁၀ ဒသမ ၉ ဘီလီယံရှိပြီး သုံးပုံနှစ်ပုံ (ခုနစ်ဘီလီယံ) ဟာ လက်လီကုန်တိုက်လုပ်ငန်းထဲက ငွေတွေပါ။ Central Group ဟာ ဟိုတယ်လုပ်ငန်းနဲ့ အကြီးစားဆောက်လုပ်ရေး လုပ်ငန်းတွေကိုပါ လုပ်ကိုင်ပါတယ်။

[caption id="attachment_27261" align="alignnone" width="576"]cg11Robinson ကုန်တိုက်[/caption]

လုပ်ငန်းတွေ ချဲ့ထွင်နေပေမယ့် ချဲ့ထွင်လိုက်တဲ့ လုပ်ငန်းတိုင်းဟာ အောင်မြင်တာတော့ မဟုတ်ပါဘူး။ တရုတ်ပြည်မှာ သွားရောက်လုပ်ကိုင်ခဲ့တဲ့ ကုန်တိုက်သုံးခုကိုတော့ ဒေသခံတွေကို မယှဉ်နိုင်လို့ ပိတ်ခဲ့ရတာမျိုးလည်း ရှိခဲ့ပါတယ်။

[caption id="attachment_27262" align="alignnone" width="576"]cg12Zen ကုန်တိုက်[/caption]

ဒါပေမဲ့ Central Group ကတော့ ဆက်လက်ချီတက်နေဆဲပါ။ လာမယ့် ၂၀၁၇ ခုနှစ်အတွင်း ကုန်တိုက်အသစ် ဆယ်ခုထပ်မံဖွင့်လှစ်ပြီး ထိုင်းနိုင်ငံမှာ ပရောဂျက်အသစ် ခုနစ်ခု၊ မလေးရှားနိုင်ငံမှာ တစ်ခုထပ်မံလုပ်ကိုင်ဖို့ ရှိနေပါတယ်။ ထိုင်းနိုင်ငံရဲ့ စစ်အစိုးရအုပ်ချုပ်မှုကြောင့် စီးပွားရေးဟာ တိုးတက်သင့်သလောက် မတိုးတက်ဘူးလို့ ပြောဆိုနေတာတွေ ရှိပါတယ်။ ဒါကြောင့် ပြည်တွင်းစားသုံးမှုနဲ့သုံးစွဲမှုဟာလည်း ကျနေပါတယ်။ ဒီဆုတ်ယုတ်မှုကို ဥရောပကို သွားရောက်လည်ပတ်တဲ့ တရုတ်နဲ့အာရှနိုင်ငံတွေက ခရီးသည်တွေရဲ့ ဝယ်ယူစားသုံးမှုက ကျားကန်ပေးလိမ့်မယ်လို့ ယူဆပါတယ်။ ဒါကြောင့်လည်း Central Group ရဲ့ ခြေလှမ်းတွေဟာ ဥရောပကနေ ဘယ်လိုဆက်လှမ်းဦးမလဲဆိုတာ စောင့်ကြည့်ကြရဦးမှာဖြစ်ပါတယ်။

cg14

Ref: Monocle,Wikipedia, Pressreader

[caption id="attachment_27263" align="alignnone" width="370"]cg13Yuwadee Chirathivat
CEO
Central Department Store Group[/caption]

Yuwadee Chirathivat

Yuwadee Chirathivat ဟာ လက်ရှိမှာ Central Group ရဲ့ လုပ်ငန်းခွဲ Central Department Store Group ရဲ့ CEO အဖြစ် ၂၀၁၄ ခုနှစ်က စတင်ကာ တာဝန်ယူဆောင်ရွက်နေပါတယ်။ ဒီမတိုင်ခင်ကလည်း မိသားစုလုပ်ငန်းကြီးဖြစ်တဲ့ Central Group မှာ Executive Director ၊ President ရာထူးတို့နဲ့လည်း တာဝန်ယူဆောင်ရွက်ခဲ့ပါတယ်။ Central Group တိုးတက်ဖို့ ကြိုးစားလုပ်ကိုင်ဖြစ်ခဲ့တဲ့ အဓိကအကြောင်းရင်းကတော့ သူ့အဖေ Simrit ကြောင့်ဖြစ်တယ်လို့ သူက ဆိုပါတယ်။ ကျွန်မ ငယ်ငယ်ကတည်းက အဖေက အလုပ်တအားကြိုးစားပြီး မိသားစုစီးပွားရေး တိုးတက်အောင် အနစ်နာခံဆောင်ရွက်ခဲ့တာကို တွေ့ခဲ့ရတယ်။ အဲဒီကတည်းက ကျွန်မ သူ့ကို ကူညီချင်ခဲ့တယ်။

သူဟာ သူ့ရဲ့မာစတာဘွဲ့ကို Northwestern University ကနေ ရရှိခဲ့ပါတယ်။

ရိုးဆက်