Photo: AP ဘောလုံးလောကမှ အနားယူသွားပြီဖြစ်တဲ့ David Beckham ဟာ စင်ကာပူနိုင်ငံက Las Vegas Sands နဲ့ မကာအိုက ကာစီနို ဂိမ်းလုပ်ငန်းကို ကြော်ငြာပေးဖို့အတွက် သဘောတူ လက်မှတ်ရေးထိုးလိုက်ပါတယ်။ Las Vegas အခြေစိုက် Las Vegas Sands ကုမ္ပဏီဟာ ခေတ်သစ် လောင်းကစားလောကရဲ့ ဗဟိုဖြစ်တဲ့ မကာအိုမှာ အကြီးဆုံး ကာစီနိုလုပ်ငန်းကို လုပ်ကိုင်ပါတယ်။ ဒေသတွင်းမှာ Beckham ရဲ့ ကျော်ကြားမှုကနေ ငွေကြေးဝင်လာဖို့ မျှော်လင့်ကြောင်း၊ Beckham ရဲ့ အမှတ်တံဆိပ်ကို သူတို့ရဲ့ ကာစီနို လုပ်ငန်းတွေက စားသောက်ဆိုင်နဲ့ လက်လီဆိုင်တွေမှာ အသုံးပြုမှာ ဖြစ်ကြောင်း Sands ကုမ္ပဏီက ထုတ်ပြန်ပါတယ်။ အခုလို သဘောတူညီမှုရဲ့ ရေရှည် အလားအလာနဲ့ပတ်သက်ပြီး အသေးစိတ်ကိုတော့ မသိရပါဘူး။ ဒီသဘောတူညီမှုဟာ ကာစီနိုလုပ်ငန်းနဲ့ ကာစီနို ကြော်ငြာတွေ တရားမဝင်ပေမဲ့ ဘောလုံးအားကစား လူသိများတဲ့ တရုတ်ပြည်မကြီးမှာ Sands ကို အာရုံပိုစိုက်လာစေမှာ ဖြစ်ပါတယ်။ Ref: AP