Career တစ်ခုကနေ နောက်တစ်ခုပြောင်းဖို့လုပ်တဲ့ အချိန်မှာ စဉ်းစားသင့်တဲ့အချက်တွေ၊ မပြောင်းခင် ပြင်ဆင်သင့်တဲ့ အချက်များ

အလုပ်ပြောင်းတယ်လို့ ပြောတဲ့အခါမှာ ကိုယ်နဲ့ Career တူတဲ့အလုပ်ကို ပြောင်းတာနဲ့ Career မတူတဲ့ အလုပ်ကို ပြောင်းတာဆိုပြီး Situation နှစ်မျိုးရှိပါတယ်။ အဓိကအနေနဲ့ အလုပ်ပြောင်းတယ်ဆိုရင်တော့ ကိုယ်ကဘာလဲ၊ ကိုယ်ဘာဖြစ်ချင်တာလဲဆိုတာကို သိဖို့လိုတယ်။ လူတော်တော်များများက ကိုယ်ဘာလုပ်ချင်တယ်ဆိုတာကို သေသေချာချာ ဝေခွဲနိုင်လေ့ မရှိကြပါဘူး။ ဒါကြောင့် တစ်ခုခုစမ်းလုပ်ကြည့်ပြီး ဒါကိုယ့်ဝါသနာမဟုတ်ဘူး၊ နောက်တစ်ခုပြောင်းလုပ်ကြည့်လည်း ကိုယ့်ဝါသနာ မဟုတ်သေးဘူးဆိုပြီး ဖြစ်လေ့ဖြစ်ထ ရှိတတ်ကြပါတယ်။ ဒါပေမဲ့ အောင်မြင်တဲ့လူတွေကတော့ ကိုယ်ဘာဖြစ်ချင်တယ်၊ ဘာလုပ်ချင်တယ်ဆိုတာကို စောစောစီးစီးစဉ်းစားနိုင်ကြပါတယ်။

CareerChanging1

ဒါကြောင့် Career တစ်ခုပြောင်းတော့မယ်လို့ စဉ်းစားတယ်ဆိုရင် မပြောင်းခင်မှာ နံပါတ်တစ် ကိုယ်က ဘာဖြစ်ချင်တာလဲ၊ ကိုယ့်ရဲ့အားသာချက်တွေက ဘာတွေလဲ၊ ကိုယ်ဖြစ်ချင်တာကို ဖြစ်ဖို့အတွက် ကိုယ့်မှာကော အခြေခံကောင်းတွေ ရှိသလား၊ ရှိတယ်ဆိုရင်ကော ဒါတွေကိုကူညီပံ့ပိုးနိုင်ဖို့ ဘယ်လို ကြိုးစားမလဲ။ အဲဒီလိုမျိုး သေသေချာချာ စဉ်းစားစေချင်ပါတယ်။ သူများလုပ်လို့ လိုက်လုပ်တာမျိုး မဖြစ်စေချင်ပါဘူး။ သူများလုပ်တိုင်း လိုက်လုပ်တဲ့ဟာက သူ့အတွက်အဆင်ပြေပေမဲ့ ကိုယ့်အတွက် အဆင်ပြေချင်မှ ပြေမှာဖြစ်ပါတယ်။ ကိုယ်ကြိုက်ချင်မှ ကြိုက်မှာဖြစ်ပါတယ်။ ဒါ ကြောင့် ကျွန်တော့်အနေနဲ့ ပြောရမယ်ဆိုရင် ကိုယ်ဘာလုပ်ချင်တာလဲ၊ ဘာဖြစ်ချင်တာလဲဆိုတာနဲ့ ကိုယ့်ရဲ့ အားသာချက်၊ အားနည်းချက်တွေကို မထွက်ခင် သေသေချာချာ စဉ်းစားစေချင်ပါတယ်။

နောက်ပြီး ပြောင်းတော့မယ်ဆိုရင် ကျွန်တော် နားလည်သလောက် တချို့တွေက ရာထူးကောင်းလိုချင်လို့၊ နာမည်ကောင်းလိုချင်လို့၊ အတွေ့အကြုံ သင်ခန်းစာယူချင်လို့ စသဖြင့် အမျိုးမျိုး ရည်ရွယ်ချက်တွေ ရှိကြပါတယ်။ ဒါပေမဲ့ အရေးကြီးတာက Career က စဉ်ဆက်မပြတ်ဖြစ်ဖို့ လိုတယ်။

ဦးချစ်ထွန်းဖေ (Executive Director, Deloitte Consulting (Myanmar)Ltd)