General Motors(GM) မော်တော်ကားကုမ္ပဏီရဲ့ အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Cadillac ရဲ့ အမှတ်တံဆိပ်ပုံရိပ်ကို တစ်ကမ္ဘာလုံးမှာပျံ့နှံ့စေဖို့အတွက်ဆိုရင် ဆယ်စုနှစ် တစ်ခုလောက်အထိ အချိန်ယူရမယ်လို့ Cadillac ရဲ့ဈေးကွက်အမှုဆောင်အရာရှိချုပ် အသစ် Uwe Ellinghaus က ဆိုပါတယ်။ Cadillac ကို ကမ္ဘာ့အသိအမှတ်ပြု တန် ဖိုးကြီးဇိမ်ခံကားအဖြစ် တည်ဆောက်ဖို့ တွန်းအားဟာ ၂၀၀၉ ခုနှစ်မှာ GM ကုမ္ပဏီ ဒေဝါလီခံချိန်နဲ့ ပြန်လည်တည်ဆောက်ချိန်အပြီးမှာ ပေါ်ပေါက်ခဲ့တာဖြစ်တယ်။ Cadillac ကားတွေရဲ့ ရောင်းအားဟာ မနှစ်က ကားအစီးရေ ၁၉၆,၀၀၀ လောက်အထိ အရောင်းကျခဲ့ပေမဲ့ ဒီ နှစ်မှာတော့ ၃၀ ရာခိုင်နှုန်း ပြန်လည် မြင့်တက်ခဲ့ပါတယ်။ ယနေ့အချိန်မှာတော့ Cadillac ကား ဆယ်စီးမှာကိုးစီးဟာ အမေရိကန်နိုင်ငံနဲ့ တရုတ်နိုင်ငံတို့မှာ ရောင်းချနေရတာ ဖြစ်ပါတယ်။ Cadillac ဟာ မနှစ်က အမေရိ ကန်နိုင်ငံရဲ့ တန်ဖိုးကြီး ဇိမ်ခံကားအရောင်းရဆုံးစာရင်းမှာ အဆင့်လေးနေရာချိတ်ခဲ့ပါတယ်။ Ref: Reuters Ref: Reuters