Business Adventures

Business Adventures : Twelve Classic Tales From the World of Wall Street

by John Brooks

BizAdventures

Business Adventures ဆိုတဲ့ ဒီစာအုပ်ကို Bill Gates ဖတ်ဖို့ Warren Buffett က ငှားခဲ့တယ်ဆိုတာ သင်သိပါသလား။ ဒီစာအုပ်ကိုဖတ်ပြီး Bill Gates ကလည်း သူဖတ်ဖူးခဲ့သမျှ စီးပွားရေးဆိုင်ရာစာအုပ်တွေထဲမှာ အကောင်းဆုံးဆိုပြီး ဆက်ညွှန်းခဲ့ပါတယ်။ ဒီစာအုပ်ကို ၁၉၆၉ ခုနှစ်က ထုတ်ဝေခဲ့ပါတယ်။ ဒီစာအုပ်ထဲမှာ    နယူးယောက်စတော့အိတ်ချ်ချိန်းနဲ့ အမေရိကန်မှာဦးဆောင်နေတဲ့ စီးပွားရေးဆိုင်ရာအဖွဲ့အစည်းတွေ တည်ရှိတဲ့ Wall Street မှာ ဖြစ်ပျက်ခဲ့တဲ့ ခံစားမှုမျိုးစုံနဲ့ ဖြစ်ရပ်တွေအကြောင်း ဖျော်ဖြေမှုပုံစံနဲ့ ရေးသားထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီစာအုပ်က သာမန်ဖျော်ဖြေရေးစာအုပ်တွေနဲ့မတူတာက ဒီစာအုပ်ဖတ်ပြီးတဲ့အခါ ဘဏ္ဍာရေးလောကကို ရိုက်ခတ်ခဲ့တဲ့ ၁၉၆၂ ခုနှစ်က စတော့ဈေးကွက်ပြိုလဲခဲ့တဲ့အကြောင်း၊ အဓိကအရေးပါတဲ့ ငွေချေးစာချုပ်အရောင်းအဝယ် လုပ်ငန်းကျဆုံးမှုစတဲ့ ငွေကြေးဆိုင်ရာအကြောင်းအရာတွေကို အတွင်းကျကျ သိရမှာ ဖြစ်ပါတယ်။

လုပ်ငန်းခွင်နဲ့ ဆက်နွှယ်နေတဲ့ ဇာတ်လမ်းတွေ ဖတ်ချင်တယ်ဆိုရင်တော့ Jessica Bacal ရေးသားထားတဲ့ Mistakes I Made at Work: 25 Influential Women Reflect on What They Got Out of Getting It Wrong ကို ညွှန်းချင်ပါတယ်။