Bumrungrad မှ လာမည့်နှစ်အတွင်း ရန်ကုန်မြို့တွင် ဆေးရုံဆောက်လုပ်မည်

bumrungrad1

ထိုင်းနိုင်ငံအခြေစိုက်ဆေးရုံဖြစ်တဲ့ Bumrungrad ဟာ မြန်မာနိုင်ငံအတွက် ပထမဦးဆုံးဆေးပညာဆိုင်ရာ အထောက်အကူပြုရန် ရည်ရွယ်ပြီး လာမယ့်နှစ်အတွင်း ရန်ကုန်မြို့မှာ ဆေးရုံဆောက်လုပ်ဖို့ အစီစဉ်ရှိပါတယ်။ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်မှ စီးပွားဖြစ်လုပ်ကိုင်ခွင့်ကို ထောက်ခံချက်ရရှိခဲ့ပြီး အခြေခံကျန်းမာရေးစောင့်ရှောက်မှုတွေကို လုပ်ဆောင်ပေးမှာဖြစ်ပြီး ရန်ကုန်မှာရှိတဲ့ ထိုင်းသံရုံးအနီးမှာ တည်ဆောက်မှာဖြစ်ပါတယ်။ ဆေးရုံသစ်အတွက် Bumrungrad International Hospital က မြန်မာနိုင်ငံ Bumrungrad Myanmar Co ရဲ့ ရှယ်ယာ ၈၀ ရာခိုင်နှုန်းပိုင်ဆိုင်ထားပြီး ကျန်တဲ့ရှယ်ယာတွေကိုတော့ Yangon International Medical Service ပိုင်ဆိုင်ပါတယ်။ Bumrungrad ရဲ့ရန်ကုန်ရုံးခန်းကို ဖွင့်လှစ်တာကြာပြီဖြစ်ပြီး မြန်မာနိုင်ငံမှ လူကုန်ထံအသိုင်းဝိုင်းတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေအတွက် နိုင်ငံခြားမှာကုန်ကျခံမှုကနေပြီး အကျိုးအမြတ်တွေ ရရှိနေပါတယ်။ အာဆီယံနိုင်ငံတွေမှာဆိုရင်တော့ မြန်မာနိုင်ငံကစပြီး Bumrungrad ဆေးရုံဟာ တည်ဆောက်ရင်းနှီးမြုပ်နှံမှု ပြုလုပ်မှာဖြစ်ပါတယ်။ Bumrungrad ဆေးရုံဟာ လွန်ခဲ့တဲ့နှစ်ကဆိုရင် မွန်ဂိုလီးယားနိုင်ငံရဲ့ ပုဂ္ဂလိကဆေးရုံတစ်ခုအဖြစ် ထိပ်တန်းနေရာရောက်ခဲ့ပါတယ်။ မြန်မာနိုင်ငံအတွက် စတုရန်းမီတာ ၅၅၀ ကျယ်ပြီး ဝန်ဆောင်မှုတွေအပြည့်အဝရနိုင်တဲ့ ဆေးရုံသစ်ကြီးကို ၂၀၁၆ ခုနှစ်ရဲ့ နှစ်ဝက်လောက်မှာ ရန်ကုန်မှာဆောက်လုပ်ဖို့ရှိပါတယ်လို့ Bumrungrad မှ ဈေးကွက်ဖြန့်ဖြူးခြင်းနှင့် စီးပွားရေးတိုးတက်မှု ဒါရိုက်တာ Mr.Sudi Narasimhan ကပြောကြားခဲ့ပြီး ဘယ်လောက်အထိ ရင်းနှီးမြုပ်နှံမယ်ဆိုတာကိုတော့ ထုတ်ဖော်မပြောခဲ့ပါဘူး။ မကြာသေးမီနှစ်ကဆိုရင် မြန်မာနိုင်ငံရဲ့ GDP တိုးတက်လာမှုဟာ ၇ ရာခိုင်နှုန်းလောက်ရှိနေပြီး အာရှဖွံ့ဖြိုးတိုးတက်မှုဘဏ်ရဲ့ တွက်ချက်မှုအရ နောက်လာမယ့် ၂ နှစ်အတွင်းမှာ တိုးတက်မှုနှုန်း ၈ ရာခိုင်နှုန်းရှိလာမယ်လို့ ခန့်မှန်းထားပါတယ်။

“စီးပွားရေးကဏ္ဍမှာ တိုးတက်လာတဲ့ လက္ခဏာတွေဟာ ရင်းနှီးမြုပ်နှံသူတွေအတွက် အားပေးတိုက်တွန်းရာရောက်တယ်လို့ ကျွန်တော်ထင်ပါတယ်” လို့ Mr.Narasimhan ကပြောပါတယ်။

ထိုင်းနိုင်ငံသားမဟုတ်တဲ့ ပြည်ပကလူနာတွေဆီက Bumrungrad ရဲ့ အမြတ်ငွေစုစုပေါင်း ၆၆ ရာခိုင်နှုန်း ရရှိခဲ့ပြီး အဲ့ဒီထဲမှာမှ မြန်မာနိုင်ငံသားလူနာတွေဆီက ရရှိတဲ့အမြတ်ငွေမှာ အများဆုံးဖြစ်ပါတယ်။ မြန်မာပြည်မှ ဆေးရုံကို ထိုင်းနိုင်ငံမှာရှိတဲ့ Bumrungrad International Hospital မှ လေ့ကျင့်သင်တန်းပေးထားတဲ့ နိုင်ငံခြားသားဆရာဝန်နှစ်ယောက်၊ သုံးယောက်နဲ့ စတင်လုပ်ကိုင်မှာဖြစ်ပြီး ခက်ခက်ခဲခဲကုသရမယ့် ကြီးမားတဲ့ရောဂါမှလွဲပြီး အခြားသောရောဂါအသေးအဖွဲနှင့် ရောဂါရှာဖွေတဲ့ဝန်ဆောင်မှုတွေကိုပါ ပြုလုပ်ပေးမှာ ဖြစ်တယ်လို့သိရှိရပါတယ်။

Ref: Bangkok Post Sunday,November 1, 2015