လက်ရှိအချိန်မှာ Miller Lite ဘီယာက တတိယနေရာကို ယူထားပြီးတော့ Budweiser က နံပါတ် ၄ နေရာ ရောက်သွားကြောင်းကို ၁၉၇၀ ပြည့်နှစ်ဝက်လောက်ကတည်းက လေ့လာစောင့်ကြည့်ထားတဲ့ Beer Marketer's Insights မဂ္ဂဇင်းရဲ့ အရောင်းခန့်မှန်းခြေအရ သိရပါတယ်။ ၂၀၀၁ ခုနှစ်မတိုင်ခင်က Budweiser ဘီယာက အမေရိကရဲ့ အရောင်းရဆုံး ထိပ်တန်းစာရင်းဝင်ဖြစ်ခဲ့ပေမယ့် အဲဒီအောင်မြင်မှုသရဖူကို Bud Light ဘီယာဆီမှာ စွန့်လွှတ်ပေးခဲ့ရပါတယ်။ ၂၀၁၁ ခုနှစ်မှာတော့ Coors Light ဘီယာက ဒုတိယနေရာကို ရောက်ရှိခဲ့ပါတယ်။
Miller Lite ဟာ လောလောဆယ်မှာ ထိပ်ဆုံးလူကြိုက်အများဆုံးဘီယာသုံးမျိုးထဲက တစ်မျိုးဖြစ်နေပေမယ့် ၂၀၁၇ ခုနှစ်မှာ သူ့ရောင်းအားကျခဲ့ပါတယ်။ ဒါပေမဲ့ Bud လောက် အများကြီးမကျခဲ့ပါ။ ၂၀၁၇ ခုနှစ်က အမေရိကမှ Bud Light ရဲ့ ရေကြောင်းတင်ပို့မှုပမာဏဟာ ဘီယာစည်နှစ်သန်းလောက် ကျဆင်းခဲ့ပါတယ်။ ဒါက နှစ်အလိုက် ကျဆင်းမှုတွေမှာ အကြီးမားဆုံးဖြစ်တယ်လို့ မှတ်တမ်းတင်ထားပါတယ်။ Miller Lite ရဲ့ သင်္ဘောတင်ပို့မှုကတော့ ဘီယာစည်ပေါင်း ၃၇၅,၀၀၀ လောက်ပဲ ကျဆင်းခဲ့ပါတယ်။
Corona Extra ဘီယာဟာ နံပါတ် ၅ နေရာမှာပဲ ဆက်ရှိနေပါတယ်။ Michelob Ultra နဲ့ Modelo Especial ဘီယာနှစ်မျိုးကတော့ Natural Light ဘီယာကို ကျော်ပြီး ရောင်းအားအကောင်းဆုံး ဘီယာနံပါတ် ၆ နဲ့ ၇ နေရာတွေကို ရရှိထားပါတယ်။
အားလုံးကို ခြုံကြည့်လိုက်ရင် ၂၀၁၇ ခုနှစ်မှာ ဘီယာရောင်းအားတွေ အနည်းငယ်လျော့ကျခဲ့ပါတယ်။
Craft ဘီယာတွေ များပြားလာမှု၊ ဘီယာသောက်သူတွေရဲ့ အကြိုက်ပြောင်းလဲမှုနဲ့ ဝိုင်အရက်တွေ ထွန်းကားလာမှုတွေက Anheuser-Busch InBev လို ကမ္ဘာ့ဘီယာကုမ္ပဏီကြီးတွေပေါ်မှာ အကျိုးသက်ရောက်မှု ရှိခဲ့ပါတယ်။ Anheuser-Busch InBev ကုမ္ပဏီကနေ ဘီယာကို Budweiser ၊ Bud Light ၊ Michelob Ultra ၊ Natural Light နဲ့ Busch စတဲ့ တံဆိပ်အမျိုးမျိုးနဲ့ ထုတ်နေသလို၊ Molson Coors ကုမ္ပဏီကလည်း Coors Light နဲ့ Miller Light စတဲ့ တံဆိပ်နှစ်မျိုးနဲ့ ထုတ်လုပ်လျက်ရှိပါတယ်။
လွန်ခဲ့တဲ့ဆယ်နှစ်ကတော့ ထိပ်တန်းစာရင်းဝင် ဘီယာအမှတ် တံဆိပ်ဆယ်ခုက ဘီယာလုပ်ငန်းရဲ့ ၆၆ ရာခိုင်နှုန်းနီးပါးကို ရယူထားပါ တယ်။ Craft ဘီယာတွေ ပေါ်ပေါက် လာတဲ့အချိန်မှာတော့ သူတို့ရဲ့ဈေးကွက်ရယူထားမှုက ၅၀ ရာခိုင်နှုန်းထိ ကျုံ့သွားပါတယ်။