ဗြိတိန်ရုပ်သံကုမ္ပဏီ BT က ချန်ပီယံလိဂ်ဘောလုံးပွဲတွေအားလုံးကို တစ်ဦးတည်း ထုတ်လွှင့်ခွင့်ရရှိ

BT_Sport_live_stream copy ဗြိတိန်ရုပ်မြင်သံကြားကုမ္ပဏီ BTဟာ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ဘောလုံးပြိုင်ပွဲ ပွဲစဉ်တွေအားလုံး ရုပ်သံထုတ်လွှင့်ခွင့်ကို ၂၀၁၅ ခုနှစ်ကနေစပြီး ဘောလုံးရာသီ သုံးရာ သီအထိ အမေရိကန် ဒေါ်လာ ၁.၄ ဘီလီယံနဲ့ ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရရှိခဲ့ပါတယ်။ BT ကုမ္ပဏီအနေနဲ့ ဘောလုံးပွဲပေါင်း ၃၅၀ အတွက် စတာလင်ပေါင် သန်းကိုးရာနီးပါး (အမေရိကန် ဒေါ်လာ ၁.၄ ဘီလီယံ/ ယူရို ၁.၁ ဘီလီယံ) ပေးချေရမှာဖြစ်ပြီး ဥရောပရဲ့ ဘောလုံးပြိုင်ပွဲကြီးနှစ်ခုရဲ့ ပွဲစဉ်အားလုံးကို သီးသန့်ထုတ်လွှင့်ခွင့်ရတဲ့ပထမဆုံး ဗြိတိန်ရုပ်သံကုမ္ပဏီ ဖြစ်လာခဲ့ပါတယ်။   Ref: CNA