British American Tobacco ရဲ့ အမေရိကန်အခြေစိုက်ဇီဝနည်းပညာလုပ်ငန်းခွဲ Kentucky Bio Processing (KBP) မှ COVID-19 ကာကွယ်ဆေး စမ်းသပ်ရန်လျှောက်ထားမှုကို အမေရိကန်အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲမှုဌာန (FDA) မှအတည်ပြုလိုက်ပြီး လူသားများအတွက် လက်တွေ့စမ်းသပ် အသုံးပြုမယ့် အစီအစဉ်ကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၆ ရက်က ကြေညာလိုက်ပါတယ်။ အဆိုပါ COVID-19 ကာကွယ်ဆေး (KBP-COVID-19; NCT04473690) က အကြိုစမ်းသပ်မှုအဆင့်ကိုကျော်လွန်ပြီး အလားအလာရှိတဲ့ ကာကွယ်ဆေးများအနက်တစ်ခုဖြစ်လာမှာ ဖြစ်ပါတယ်။
လက်ရှိကနဦးအဆင့်အနေနဲ့ အရွယ်ရောက်ပြီး စေတနာ့ဝန်ထမ်းများအား လက်တွေ့ စမ်းသပ်တဲ့ အဆင့်သို့ ရောက်ရှိနေပြီဖြစ်ပါတယ်။ လက်ရှိကာကွယ်ဆေးက အပင်ကိုအခြေပြု ဖန်တီးထားပြီး အခန်းအပူချိန်အလိုက်ထားရှိနိုင်မယ့် အလားအလာရှိတာကြောင့်တခြားကာကွယ်ဆေးတွေထက် အားသာချက်တစ်ခုအဖြစ်ရှိနိုင်မှာ ဖြစ်ပါတယ်။
![](/wp-content/uploads/2020/12/Photos.jpg)
ဒါအပြင် ရက်သတ္တပတ် ခြောက်ရက်အတွင်း ကာကွယ်ဆေးရဲ့ အဓိက အရေးပါတဲ့ ပါဝင်ပစ္စည်းများ လျင်မြန်စွာ ထုတ်လုပ်နိုင်မှုအပြင် တခြားအားသာချက်တွေလည်း ပါရှိမှာ ဖြစ်ပါတယ်။ ကာကွယ်ဆေး စမ်းသပ်အသုံးပြုပြီး လေ့လာမှုရလဒ်များကို ၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းလောက် ရရှိနိုင်ဖို့ မျှော်လင့်ထားပြီး အောင်မြင်မှုရလဒ်ဆောင်ပါက အဆင့် ၂ လေ့လာမူသို့ ဆက်လက် လုပ်ဆောင်သွားမှာဖြစ်ပါတယ်။