News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
BRICS စီးပွားရေးခေါင်းဆောင်တွေက အာဖရိကနဲ့ ကုန်သွယ်ရေး မြှင့်တင်လို
Editorial
October 21, 2013
BRICS
News
BRICS နိုင်ငံတွေက စီးပွားရေး ခေါင်းဆောင်တွေဟာ အာဖရိကနဲ့ ကုန်သွယ်ရေးဆိုင်ရာဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး BRICSအုပ်စုရဲ့ ဘုံဖွံ့ဖြိုးရေးဘဏ်တစ်ခု တည်ထောင်ဖို့ကိစ္စကို စွန့်လွှတ်လက်လျော့မှာမဟုတ်ဘူးလို့ သိရပါတယ်။
BRICS နိုင်ငံ တွေက အစိုးရတွေဟာ အဲဒီဘဏ်တည်ထောင်ဖို့ကိစ္စကို အကောင် အထည်ဖော်ဖို့ စိတ်ပိုင်းဖြတ်ထားဆဲပဲဖြစ်ပြီး အဲဒီဘဏ်ဟာ BRICS အဖွဲ့ ဝင်နိုင်ငံတွေအချင်းချင်း ကုန်သွယ် ရေးနဲ့ရင်းနှီးမြှုပ်နှံမှုကို အထောက်အကူပြုတဲ့နေရာမှာ အရေးပါတဲ့ကဏ္ဍကနေ ပါဝင်လာမှာ ဖြစ်တယ်လို့
တရုတ်စီးပွားရေးကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် Ma Zehua
ကဆိုပါတယ်။ အခုလို BRICS နိုင်ငံတွေကို ကိုယ်စားပြုတဲ့ဘဏ်ကို တည်ထောင်လိုတဲ့အကြောင်းအရင်းကတော့ ကမ္ဘာ့ဘဏ်လိုမျိုး အနောက်နိုင်ငံတွေကလွှမ်းမိုးကြီးစိုးနေတဲ့အဖွဲ့အစည်းတွေကို ယှဉ်ပြိုင်ဖို့ အတွက်ဖြစ်တယ်။
စီးပွားရေးလုုပ်ငန်းရှင်တွေအနေနဲ့
အာဖရိကတိုက်ရဲ့ အခြေခံအဆောက်အအုံ ဖွံဖြိုးတိုးတက်ရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံသင့်ကြောင်း၊
ကမ္ဘာပေါ်မှာ စီးပွားရေးဖွံ့ဖြိုးမှုအမြန်ဆုံးနိုင်ငံတွေထဲက တချို့ဟာ အာဖရိကတိုက်မှာရှိ ကြောင်းနဲ့ အခြေခံအဆောက်အအုံကဏ္ဍဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် သီးခြားဖယ်ထားလို့မရတဲ့ ကဏ္ဍတစ်ရပ်ဖြစ်ကြောင်း တောင်အာဖရိကသမ္မတ Jacob Zuma
က ဆိုပါတယ်။ ၂၀၁၂ မှာ BRICS အုပ်စုအတွင်း စုစုပေါင်းကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၆.၁ ဘီလီယံရှိခဲ့ပြီး အဲဒီပမာဏဟာ ကမ္ဘာ့ကုန်သွယ်ရေးရဲ့ ၁၆.၈ ရာခိုင်နှုန်းကို ကိုယ်စားပြုပါတယ်။ Ref: CNA
Facebook
Twitter
LinkedIn
RELATED POSTS
ပထမပုဂ္ဂလိကဘဏ်လီမိတက် နှစ်သုံးဆယ်ပြည့် ပုလဲရတုအခမ်းအနား ကျင်းပ
Posted On October 29, 2022, By Editorial
ထိုင်းနိုင်ငံရှိနိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များအား မြေပိုင်ဆိုင်ခွင့်ပြုမည်
Posted On October 28, 2022, By Editorial
Starbucks ကော်ဖီကုမ္ပဏီရဲ့စီအီးအိုအသစ် Laxman Narasimhan
Posted On October 2, 2022, By Editorial
လာမယ့်ဆယ်စုနှစ်အတွင်း ဒေါ်လာ ဘီလီယံ တစ်ရာကျော်နီးပါး ရင်းနှီးမြှုပ်နှံမှုတွေလုပ်သွားမယ့် အိန္ဒိယရဲ့ ကော်ပိုရိတ်လုပ်ငန်းစုကြီး : Adani Group
Posted On September 30, 2022, By Editorial
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
ဆရာ စံ-ဇာဏီဘို၏ ဧပြီ ၂၂ ရက်မှ ၃၀ ရက်အထိ တစ်ပတ်စာဟောစာတမ်း