အမေရိကန်စွမ်းအင်ကုမ္ပဏီတွေက ဘရာဇီးရဲ့နုန်းကျောက် သသာဝဓာတ်ငွေ့တူးဖော်ရေးကို စိတ်ဝင်စား

Brazil shale-gas အမေရိကန်စွမ်းအင်ကုမ္ပဏီတွေက သူတို့ရဲ့ အတွေ့အကြုံကို အသုံးချပြီး ဘရာဇီးမှာရှိတဲ့ ကြီးမားတဲ့ နုန်း ကျောက်သဘာဝဓာတ်ငွေ့တွင်းတွေကို  ကူညီတူးဖော်ဖို့ ဆန္ဒရှိနေကြတယ်လို့ အမေရိကန်စွမ်းအင်ဝန်ကြီးဌာန အတွင်းရေးမှုး Ernest Moniz  က ဆိုပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ ကမ္ဘာပေါ်မှာရှိတဲ့ နုန်းကျောက် သဘာဝဓာတ်ငွေ့တွေရဲ့ ဆယ်ပုံတစ်ပုံဟာ  ဘရာဇီးမှာရှိနေပြီး အဲဒါတွေကို တူးဖော်အသုံးချဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် ဘရာဇီးဟာ ကမ္ဘာမှာ သသာဝဓာတ်ငွေ့ ဒုတိယအများဆုံး ထုတ်လုပ် တဲ့နိုင်ငံ ဖြစ်လာမှာဖြစ်တယ်။ နုန်း ကျောက်သဘာဝဓာတ်ငွေ့တူးဖော်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုတွေကို အခု အချိန်မှာစတင်ရင်တောင် ၂၀၂၃ ခုနှစ် လောက်ကျမှ ဓာတ်ငွေ့ထုတ်နိုင်ဖို့ အလားအလာရှိတယ်လို့ ဘရာဇီး အစိုးရပိုင် အမျိုးသားရေနံဌာနက ဆိုပါတယ်။ နုုန်းကျောက်သဘာဝဓာတ်ငွေ့ကို Hydraulic Fracking နည်းလမ်းနဲ့  ထုတ်လုပ်တာ ဖြစ်တယ်။ ဒီနည်းလမ်းကို အမေရိကန်မှာ အသုံးပြုပေမဲ့ တခြားနိုင်ငံတွေမှာ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု ကြောင့်  ပိတ်ပင်ထားပါတယ်။  အမေရိကန်နိုင်ငံရဲ့ နုန်းကျောက်သဘာဝဓာတ်ငွေ့ထုတ် လုပ်မှုဟာ တော်လှန် ပြောင်းလဲမှုတစ်ရပ်ဖြစ်ပြီး ကျောက်မီးသွေးအစားထိုး သုံးစွဲနိုင်တဲ့အတွက် ကာဗွန်ဒိုင်အောက် ဆိုဒ်ထုတ်လုပ်မှုကို လျော့ချပေးတယ် လို့ Moniz  က ဆိုပါတယ်။ Ref: CNA