BMW က အင်ဂျင်ချွတ်ယွင်းချက်ကြောင့် တရုတ်ပြည်ကနေ ကားအစီးရေ ၂၃၂,၀၀၀ ကျော် ပြန်သိမ်း

article landscape wartermark final5 ဂျာမနီမော်တော်ကားကုမ္ပဏီ BMW ဟာ ဘေးအန္တရာယ်ဖြစ်စေနိုင်တဲ့ အင်ဂျင်အစိတ်အပိုင်းချွတ်ယွင်းမှု ကြောင့် တရုတ်ပြည်ကနေ မော်တော် ကားအစီးရေ ၂၃၂,၀၀၀ ကျော် ပြန်သိမ်းမယ်လို့ တရုတ်နိုင်ငံက အရည်အသွေးဆိုင်ရာ လေ့လာစောင့် ကြည့်ရေးအဖွဲ့က ဆိုပါတယ်။ တင် သွင်းတဲ့ကားတွေအပါအဝင် တရုတ် နိုင်ငံမှာရှိတဲ့ ဖက်စပ်ကုမ္ပဏီကနေ ထုတ်လုပ်တဲ့ မော်တော်ကား စုစုပေါင်း ၂၃၂,၀၉၈ စီးကို ဇွန်လ ၁၈ ရက်က နေစပြီး ပြန်သိမ်းခဲ့တာလို့ သိရပါတယ်။ ၂၀၀၉ ခုနှစ် ဇွန်လကနေ ၂၀၁၃ ခုနှစ် ဇွန်လအတွင်း ထုတ်လုပ်ခဲ့တဲ့ အင်ဂျင်အစိတ်အပိုင်းချွတ်ယွင်းမှုကြုံ တွေ့ရတဲ့ ကားတွေကို BMW(China) Trading Automotive နဲ့ ဖက်စပ် ကုမ္ပဏီဖြစ်တဲ့BMW Brilliance Automotive တို့က ပြန်လည်အစား ထိုး ပြုပြင်ပေးမှာဖြစ်တယ်လို့ သိရပါ တယ်။ တရုတ်နိုင်ငံဟာ ကမ္ဘာ့အကြီး ဆုံး ကားဈေးကွက်ဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်မှာ မော်တော်ကားရောင်းအား ၁၃.၉ ရာခိုင်နှုန်း ကားအစီးရေ ၂၁.၉၈ သန်းအထိ မြင့်တက်ခဲ့ပါတယ်။

                     Ref:  AFP