ကနေဒါ စမတ်ဖုန်းထုတ်လုပ်ရေးလုပ်ငန်း BlackBerry က Fairfax ဘဏ္ဍာရေးကုမ္ပဏီဦးဆောင်တဲ့ ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်းတစ်ခုဆီရောင်းချဖို့ သဘော တူလိုက်ကြောင်း စက်တင်ဘာလနှောင်းပိုင်းမှာ ကြေညာလိုက်ပါတယ်။ Fairfax ဟာ Black-Berry ရဲ့ ရှယ်ယာ ၁၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ပြီး အများဆုံးရှယ်ယာ ပိုင်ရှင်လည်း ဖြစ်ပါတယ်။ Fairfax ကလည်း ကနေဒါကုမ္ပဏီပဲဖြစ်ပြီး ဘီလီယံနာ Prem Watsa က ပိုင်ဆိုင်ပါတယ်။ ဒီလိုဝယ်ယူမှုကို ဒါရိုက်တာဘုတ် အဖွဲ့က ထောက်ခံခဲ့သလို၊ အပြီးသတ် သဘောတူညီမှုကိုတော့ နိုဝင်ဘာလ ၄ ရက်နေ့နောက်ဆုံးထားပြီး ကြေညာမယ်လို့ ခန့်မှန်းရပါတယ်။ BlackBerryရဲ့ ယခင်က ဖောက်သည်အတော်များများဟာ Apple iPhone ၊ ဒါမှမဟုတ် Samsung စတဲ့ ဖုန်းတွေဘက် ဦးလှည့်သွားကတည်းက BlackBerry ရဲ့ တစ်ကမ္ဘာ လုံး ဈေးကွက်ဝေစုဟာ ယခုနှစ် ဒုတိယသုံးလပတ်မှာ ၃.၇ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ပါတယ်။ Ref: CNA