Myanmar Brewery Ltd က နိုင်ငံတကာအဆင့်မီ ကုန်ပစ္စည်းတွေနဲ့ ထုတ်လုပ်ထားတဲ့ Black Shield Stout စတင်မိတ်ဆက်ပွဲအခမ်းအနားကို ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်က PARKROYAL ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။
အခမ်းအနားမှာ Myanmar Brewery Ltd ရဲ့ ဒုတိယမန်နေဂျင်းဒါရိုက်တာ ဦးစိုးကျော်သူက Black Shield Stout ကို ABC ဘီယာအစားထိုး ထုတ်လုပ်ထားတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ယင်းဟာ အယ်လ်ကိုဟောပါဝင်မှုပမာဏ ၈.၁ ရာခိုင်နှုန်းရှိတဲ့အတွက် လက်ရှိဈေးကွက်အတွင်းမှာ အယ်လ်ကိုဟော ပါဝင်မှုပမာဏ အမြင့်ဆုံးစတောက်ဖြစ်ပါတယ်။
Black Shield Stout Draught ကို ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၉ ရက်မှာ ဈေးကွက်အတွင်း စတင်ဖြန့်ချိခဲ့ပြီး သံဗူးနဲ့ ပုလင်းကို နိုဝင်ဘာလ ၁၈ ရက်မှာ စတင်ဖြန့်ချိခဲ့တယ်လို့ သိရပြီး လက်ရှိမှာ မြန်မာနိုင်ငံတစ်ဝှမ်းရှိ ဆိုင်ပေါင်း ၈၀၀ ကျော်မှာ ဝယ်ယူသောက်သုံးနိုင်တယ်လို့ သိရပါတယ်။