Black Hat
Wine Bar & Restaurant
Burmese Tapas
ဆိုင်အတွင်းက ထူးခြားတဲ့ Decoration တွေကိုခံစားပြီး Burmese Tapas တွေကို စားသုံးချင်သူတွေအတွက် Black Hat ဆိုင်လေးကို ညွှန်ပြပေးလိုက်ပါတယ်။
ဆိုင်တည်နေရာနဲ့ ဆက်သွယ်ရမယ့်ဖုန်းနံပါတ် . . .
အမှတ် - ၁၄၃/၁၄၉ ၊ ဆူးလေဘုရားလမ်း ၊ ဆူးလေပလာဇာ၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်ကတော့ ၀၉၉၇၀၂၇၀၀၇၉ ဖြစ်ပါတယ်။
ဆိုင်ဖွင့်ချိန် . . .
မနက် ၁၁ နာရီကနေ ည ၁၁ နာရီအထိ ဖွင့်ပါတယ်။
စတင်ဖွင့်လှစ်တဲ့နေ့နဲ့ ရည်ရွယ်ချက် . . .
၂၀၁၆ မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ဇွန်လမှာ Grand Opening လုပ်ခဲ့တာဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံမှာ Tapas ကမရသေးဘူး။ Tapas ဆိုတာက စပိန်ဘာသာစကားကနေ ဆင်းသက်လာပြီးတော့ Small Plate လို့ အဓိပ္ပာယ်ရပါတယ်။ အဲဒါကို မြန်မာအစားအစာထည့်လိုက်တော့ Burmese Tapas ဖြစ်သွားပါတယ်။ နိုင်ငံခြားမှာဆိုရင် Small Plate ထဲမှာ အစားအစာတွေထည့်ပြီးတော့ Drink နဲ့ လေး၊ ငါးပွဲ စားရတယ်။ အမယ်စုံလည်းစားလို့ရတော့ လာစားတဲ့လူတွေ စိတ်ကျေနပ်မှုရပါတယ်။ အဲဒီလိုရည်ရွယ်ချက်နဲ့ မြန်မာပြည်မှာ ပထမဆုံး Burmese Tapas အနေနဲ့ စတင်မိတ်ဆက်တာပါ။
ရရှိနိုင်တဲ့ Menu တွေ . . .
Menu တွေက Burmese Tapas တွေရမယ်။ Wine ၊ Cocktail မျိုးစုံနဲ့ Beer တွေရပါတယ်။
ဆိုင်ကိုလာတဲ့ Customer တွေ . . .
နိုင်ငံခြားသားတွေ၊ High Society က လူတွေနဲ့ ညဘက်မှာဆိုရင် လူငယ်တွေလာကြပါတယ်။
ဈေးနှုန်းပိုင်းအနေနဲ့ . . .
ဈေးနှုန်းတွေကတော့ လေးထောင်၊ ငါးထောင်ကနေစပြီး အများဆုံးကတော့ တစ်သောင်းကျပ်ဝန်းကျင် ဖြစ်ပါတယ်။
ဝန်ဆောင်မှု . . .
ဒီမှာ Events တွေ၊ Reservation တွေ လက်ခံပါတယ်။ Pre Wedding အတွက် ဓာတ်ပုံရိုက်တာ၊ မွေးနေ့ပွဲတွေနဲ့ Dating တွေအတွက် Surprise Party လုပ်ချင်တာတွေကို စီစဉ်ပေးပါတယ်။
ဆိုင်ရဲ့ထူးခြားချက်တွေက . . .
အဓိကကတော့ ဆိုင်ရဲ့ Decoration ပါ။ Oldies ကို ဦးစားပေးတယ်။ ဖွင့်တဲ့သီချင်းကအစ Modern တွေ မဖွင့်ဘဲ Oldies တွေပဲ ဖွင့်တယ်။ ဆိုင်ရဲ့နေရာအနှံ့မှာလည်း Black Hat ကိုတွေ့ရမယ်။ ဝန်ထမ်းတွေကိုလည်း Black Hat ဆောင်းစေပြီး သူများနဲ့မတူတဲ့ Restaurant အဖြစ် ဖန်တီးထားပါတယ်။ Black Hat ဖက်ရှင်က လွန်ခဲ့တဲ့ ၁၉၂၀ ပြည့်နှစ်လောက်ကတည်းက စတင်ခဲ့တယ်။ အဲဒီကနေစပြီး အခုအချိန်ထိ Black Hat ကို အမျိုးသမီးတွေရော အမျိုးသားတွေပါ ဖက်ရှင်တစ်ခုအနေနဲ့ ဝတ်လာကြတယ်။ သူကဘယ်တော့မှ မပြောင်းလဲဘဲ ဖက်ရှင်ရေစီးကြောင်းမှာ မျောနေတယ်ဆိုတဲ့အဓိပ္ပာယ် ဖြစ်ပါတယ်။
အနာဂတ်အစီအစဉ် . . .
မန္တလေးမှာ ဆိုင်ခွဲဖွင့်ဖို့ အစီအစဉ်ရှိပါတယ်။
သန္တာညွှန့်ဝင်း