စင်ကာပူမှာ ဘီလီယံနာ ၂၇ ယောက် ရှိလာ

singapore billionaire (Article Img Size Landscape,Normal Feature) copy ၂၀၁၃ ခုနှစ်အတွက် တစ်ကမ္ဘာလုံး ဘီလီယံနာဦးရေဟာ ၂,၁၇၀ ယောက် အထိစံချိန်တင်ခဲ့ပါတယ်။ Wealth-X နဲ့ UBS ကုမ္ပဏီနှစ်ခုပူးပေါင်းကောက် ယူတဲ့ ၂၀၁၃ ဘီလီယံနာစစ်တမ်းအရ ကမ္ဘာတစ်ဝန်း ဘီလီယံနာများစာရင်းမှာ စင်ကာပူနိုင်ငံက ၂၇ ယောက် ပါဝင်လာပါတယ် ။စင်ကာပူဟာ အာရှမှာ ဘီလီယံနာဦးရေ ပဉ္စမမြောက် အများဆုံးဖြစ်ပြီး ကမ္ဘာမှာတော့ နံပါတ် ၁၈ အများဆုံး ဖြစ်ပါတယ်။ စင်ကာပူရဲ့ ဘီလီယံနာ ၄၄ ရာခိုင်နှုန်းက ကိုယ်ထူးကိုယ်ချွန်အောင်မြင်လာသူတွေဖြစ်ကြတယ်။ အဲဒီစစ်တမ်းအရ စင်ကာပူရဲ့ ဘီလီယံနာတစ်ယောက်ရဲ့ အသက်အရွယ်က များသောအားဖြင့် ၆၄ နှစ် ဖြစ်ပြီး တက္ကသိုလ်ဘွဲ့တစ်ခု အနည်းဆုံးရထားကာ ဘဏ္ဍာရေး၊ ဘဏ်လုပ်ငန်းနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကနေ ကြွယ်ဝချမ်းသာလာကြလေ့ရှိပါတယ်။ စင်ကာပူ ဘီလီယံနာတစ်ယောက်ရဲ့ ပျမ်းမျပိုင်ဆိုင်မှုက အမေရိကန်ဒေါ်လာ ၂.၄ ဘီလီယံ ဖြစ်ပါတယ်။