Bentley နဲ့ Lamborghini ကားတွေကို ဘရိတ်ပြဿနာကြောင့် ပြန်သိမ်းယူ

[caption id="attachment_6544" align="alignleft" width="292"]Lamborghini Lamborghini[/caption] [caption id="attachment_6555" align="alignleft" width="247"]Bentley Bentley[/caption]               အဆင့်မြင့်ကားထုတ်လုပ်တဲ့ Bentley  နဲ့ Lamborghini တို့မှာ Carbon Ceramic ဘရိတ် Rotor ရဲ့ မူလီပြုတ်ထွက်နိုင်မယ့် ပြဿနာရှိတဲ့ကားအစီးရေ ၇၃၀ ခန့် ကို ပြန်သိမ်းယူပါတယ်။ ဘရိတ် Rotor ဝက်အူ ဆယ်ခုမှာ ရှစ်ခုကျော်ပျက်ရင် ကားရပ်တန့်ရတာ အခက်အခဲဖြစ်စေပါတယ်။ အီတလီကားထုတ်လုပ်သူ Lambo- rghini ဟာ ဒီပြဿနာကြောင့်တော့ မတော်တဆမှု တစ်စုံတစ်ရာဖြစ်တာမရှိဘူးလို့ဆိုပါတယ်။ ၂၀၀၇ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အတွင်း ထုတ်လုပ်တဲ့ Lamborghini GallardoCoupe, Gallardo Spyder Convertible နဲ့ Gallardo Super Leggera မိုဒယ်တွေအပြင် ၂၀၀၇ ခုနှစ်ကနေ ၂၀၁၁ ခုနှစ် အတွင်းထုတ်တဲ့ Bentley Continental GT, Continental GTC  နဲ့  Continental Flying Spur  မိုဒယ်ဆီ ဒင်ကားတွေကို ပြန်သိမ်းတာဖြစ်ပါတယ်။ Ref: CNN