[caption id="attachment_7378" align="alignnone" width="300"]
ပေကျင်းမြို့၏ညအလှရှုခင်း[/caption] တရုတ်ပြည်ရဲ့မြို့တော် ပေကျင်းဟာ နိုင်ငံခြားကလာရောက်လုပ်ကိုင်တဲ့ ကျွမ်းကျင်အလုပ်သမားတွေအတွက် ဒုတိယဈေးအကြီးဆုံး (ဒုတိယနေထိုင်မှုစရိတ်အမြင့် မားဆုံး) မြို့ဖြစ်ကြောင်း စီမံခန့်ခွဲမှုအကြံပေးကုမ္ပဏီ ECA International ရဲ့ စစ်တမ်းအရ သိရပါတယ်။ မနှစ်က ဈေးအကြီးဆုံး မြို့တွေစာရင်းမှာ ပေကျင်းက နံပါတ် ငါးနေရာမှာရှိခဲ့ပြီး တိုကျိုကတော့ နံပါတ်တစ်နေရာမှာ ဆက်ပြီး ရပ်တည်နေပါတယ်။ အာရှရဲ့ နေထိုင်မှုစရိတ်အကုန်ကျဆုံး မြို့ဆယ်မြို့ကတော့ တိုကျို၊ ပေကျင်း၊ နာဂိုရာ၊ ရှန်ဟိုင်း၊ ယိုကိုဟားမား၊ ဆိုးလ်၊ အိုဆာကာ၊ ဟောင်ကောင်၊ စင်ကာပူနဲ့ ကွမ်ကျိုးတို့ဖြစ်ပါတယ်။ တရုတ်အစိုးရက ဒေါ်လာဈေးနဲ့ယှဉ်ပြီး ယွမ်ငွေတည် ငြိမ်အောင်ဆောင်ရွက်နေပေမဲ့ အစားအသောက်နဲ့ ရေနံဈေးတက်လာတဲ့အတွက် ပေကျင်းဟာ အခုလိုနေထိုင်မှုစရိတ် မြင့်မားလာတာဖြစ်တယ်လို့ ECA ရဲ့ အာရှဒေသဆိုင်ရာဒါရိုက်တာ Lee Quane က ဆိုပါတယ်။