News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
Beach Hotels Fair အကြောင်းရှင်းလင်းပြောကြားခြင်းအခမ်းအနား
Editorial
December 30, 2014
Local News
News
၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့မှာ Kandawgyi Palace Hotel မင်္ဂလာခန်းမမှာ ကျင်းပမယ့် Aureum Palace Hotels&Resorts မှ၂၀၁၅ ခုနှစ် နှစ်သစ်အထူးလျော့ဈေးရောင်းပွဲတော်နဲ့ပတ်သက်လို့ စာနယ်ဇင်းရှင်းလင်းတဲ့ပွဲကို ဒီဇင်ဘာလ ၂၉ ရက်နေ့က Kandawgyi Palace Hotel မှာပြုလုပ်ခဲ့ပါတယ်။ Aureum Palace Hotels&Resorts မှ၂၀၁၅ ခုနှစ် နှစ်သစ်အထူးလျော့ဈေးရောင်းပွဲတော်မှာ ကမ်းခြေကြိုက်နှစ်သက်သူတွေအတွက် ငွေဆောင်Happy Holiday Package၊ Early Birds Promotion နဲ့ Honeymoon couples တွေအတွက် Honeymooner Package တွေကို စီစဉ်ထားကြောင်းနဲ့ Beach Hotels Fair ပွဲနေ့မှာ ချက်ချင်းဝယ်ယူသူ Customer တွေအတွက် ၁၀ ရာခိုင်နှုန်း Discount ပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။ ငွေဆောင် Happy Holiday Package မှာ ၂ ညအိပ် ၃ ရက် ခရီးဖြစ်ပြီး Aureum Palace Hotel & Resort, Ngwe Saung Deluxe Room မှာ ၂ ည၊ နေ့စဉ်နံနက်စာ၊ ညစာတစ်နပ်နဲ့ Spa Massage Treatment တစ်ကြိမ်ပါဝင်မှာဖြစ်ပြီး တစ်ဦးကို USD$130 ကုန်ကျမှာဖြစ်တယ်လို့ သိရပါတယ်။ Honeymoon Package ကို ပုဂံ၊ အင်းလေး၊ ပြင်ဦးလွင်၊ ငွေဆောင်နဲ့ ငပလီကမ်းခြေတွေမှာ စီစဉ်ထားပြီး Deluxe Room မှာ ၂ ည၊ နေ့စဉ်နံနက်စာ၊ Romantic ညစာ၊ ဒေသထွက်ဝိုင်တစ်ပုလင်း၊ Honeymooner တွေအတွက် အခန်းအပြင်အဆင်နဲ့ Spa Massage Treatment တွေ ပါဝင်မှာဖြစ်ပါတယ်။ ပုဂံခရီးစဉ်အတွက် USD$495၊ အင်းလေးခရီးစဉ်အတွက် USD$545၊ ပြင်ဦးလွင်ခရီးစဉ်အတွက် USD $ 250၊ ငပလီခရီးစဉ်အတွက် USD$ 545 နဲ့ ငွေဆောင်ခရီးစဉ်အတွက် USD$ 290 ကုန်ကျမှာဖြစ်တယ်လို့ သိရပါတယ်။ Early Bird Promotion မှာ ကြိုတင် Booking ပြုလုပ်တဲ့ Customer တွေအတွက် အထူးဈေးနှုန်းအဖြစ် Aureum Ngwe Saung Weekday မှာ USD$ 75 နဲ့ Weekend မှာ USD$85 ဈေးနှုန်းနဲ့ ရရှိမှာဖြစ်ပြီး Aureum Ngapali Weekday မှာ USD$185 နဲ့ Weekend မှာ USD$200 တို့ ဖြစ်တယ်လို့လည်း သိရပါတယ်။ Myanmar Treasure Resorts မှလည်း အဲဒီအထူးလျော့ဈေးပွဲတော်မှာ ငွေဆောင် Beach Holiday Package၊ Spa Package Promotion နဲ့ Honeymoon Couples တွေအတွက် Honeymonner Package တွေ စီစဉ်ထားကြောင်းနဲ့ Beach Hotels Fair ပွဲနေ့မှာ ချက်ချင်းဝယ်ယူသူ Customer တွေအတွက် ၁၀ ရာခိုင်နှုန်း Discount ထားရှိကြောင်း သိရပါတယ်။ ငွေဆောင် Honeymoon Couple တွေအတွက် ခရီးစဉ်စာ USD$299 ကုန်ကျမှာ ဖြစ်ပြီး Deluxe First Row Sea View မှာ ၂ ည၊ နေ့စဉ်နံနက်စာ၊ Romantic ညစာ၊ ဒေသထွက်ဝိုင်တစ်ပုလင်း၊ Honeymooner တွေအတွက် အခန်းအပြင်အဆင်နဲ့ Spa Massage Treatment တွေ ပါဝင်မှာဖြစ်ပါတယ်။ ငွေဆောင် Beach Holiday Package မှာ တစ်ဦးကို တစ်ညတာဈေးနှုန်း USD$105 ကနေစတင်ကာ Myanmar Treasure Resort, NgweSaung မှာ နေ့စဉ်နံနက်စာ၊ ညစာတစ်နပ်နဲ့ Spa Massage Treatment တစ်ကြိမ်ပါဝင်မှာဖြစ်ပြီး USD$125 ခန့်သာ ကုန်ကျမှာဖြစ်တယ်လို့သိရပါတယ်။ Spa Package ကို ၂ ဦးလျှင် USD$160 နဲ့ Myanmar Treasure Resort၊ Ngwe Saung Superior Garden View မှာ ၂ ညနဲ့ နေ့စဉ်နံနက်စာ၊ Spa Massage Treatment တွေ ပါဝင်မှာဖြစ်တယ်လို့သိရပါတယ်။ ဒီအစီအစဉ်တွေဟာ၂၀၁၅ ခုနှစ်၊ မတ်လ တစ်လအတွက်သာဖြစ်ပြီး ဇန်နဝါရီလ ၁၇ ရက်မှ ၃၁ ရက်အတွင်း Booking ပြုလုပ်ရမှာဖြစ်တယ်လို့ သိရပါတယ်။
Facebook
Twitter
LinkedIn
RELATED POSTS
ပထမပုဂ္ဂလိကဘဏ်လီမိတက် နှစ်သုံးဆယ်ပြည့် ပုလဲရတုအခမ်းအနား ကျင်းပ
Posted On October 29, 2022, By Editorial
ထိုင်းနိုင်ငံရှိနိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များအား မြေပိုင်ဆိုင်ခွင့်ပြုမည်
Posted On October 28, 2022, By Editorial
Starbucks ကော်ဖီကုမ္ပဏီရဲ့စီအီးအိုအသစ် Laxman Narasimhan
Posted On October 2, 2022, By Editorial
လာမယ့်ဆယ်စုနှစ်အတွင်း ဒေါ်လာ ဘီလီယံ တစ်ရာကျော်နီးပါး ရင်းနှီးမြှုပ်နှံမှုတွေလုပ်သွားမယ့် အိန္ဒိယရဲ့ ကော်ပိုရိတ်လုပ်ငန်းစုကြီး : Adani Group
Posted On September 30, 2022, By Editorial
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
ဆရာ စံ-ဇာဏီဘို၏ ဧပြီ ၂၂ ရက်မှ ၃၀ ရက်အထိ တစ်ပတ်စာဟောစာတမ်း