Care Forever Services Co, ltd ဟာ စင်ကာပူနိုင်ငံရှိ BCA Academy အင်ဂျင်နီယာ ဘာသာရပ်တွေကို တက်ရောက်ဆည်းပူးနိုင်မယ့် ပညာရေးဆွေးနွေးပွဲကို ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်က ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းရှိ Sedona Hotel မှာ ကျင်းပခဲ့ပါတယ်။ အဆိုပါ ဆွေးနွေးပွဲမှာတော့ BCA Academy က တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ Mr Matthew Tan က အဖွင့်အမှာစကားနဲ့အတူ BCA Academy အကြောင်းကို ရှင်းလင်းပြောပြခဲ့ပါတယ်။ BCA Academy ဟာဆိုရင် စင်ကာပူနိုင်ငံ အမျိုးသားဖွံ့ဖြိုးရေးဝန်ကြီးဌာန လက်အောက်တွင် ရှိတဲ့ အစိုးရအင်ဂျင်နီယာကျောင်းတစ်ခုဖြစ်ပါတယ်။ အဲဒီကျောင်းမှာဆိုရင် Diploma in Construction Engineering, Diploma in Design, Diploma in Mechanical Engineering, Diploma in Strategic Facilities Management, Diploma in Electrical Engineering and Clean Energy, Diploma in construction Information Technology, Diploma in Quantity Surveying စတဲ့ဘာသာရပ် (၇) မျိုးကို သင်ကြားပေးမှာဖြစ်တယ်လို့ သိရပါတယ်။ BCA Academy ကိုတက်ရောက်လိုသူတွေဟာဆိုရင် တက္ကသိုလ်တန်းတွင် အမှတ်အနည်းအများမလိုပဲ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူတွေနဲ့ GCE ‘o’ Level အောင်မြင်ပြီးသူတွေ တက်ရောက်နိုင်မှာဖြစ်ပြီး- ဝင်ခွင့်စာမေးပွဲကို ဖြေဆိုရမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဝင်ခွင့်စာမေးပွဲအတွက် အသေးစိတ်သိရှိလိုပါက Care Forever Service Co, Ltd ၊ ဖုန်း 01-571236, 09-5166240, 09-8625443 ကိုဆက်သွယ်စုံစမ်းနိုင်တယ်လို့ သိရပါတယ်။