လုပ်ငန်းခွင်အတွင်း မရှိသင့်သည့် Relationship များ

လုပ်ငန်းခွင်အတွင်း မရှိသင့် မဖြစ်သင့်သော Relationship  များနှင့် သူတို့၏အကျိုးအပြစ်။   Portrait of two happy young females holding their shopping bags လုပ်ငန်းခွင်အတွင်း မရှိသင့်၊ မဖြစ်သင့်သော Relationship ဆိုတဲ့ အဆက်အသွယ်၊ ဆက်ဆံရေး၊ ဆက်စပ်မှု၊ တော်စပ်မှု စတာတွေကတော့ အများကြီးပါပဲ။ အဲဒီအထဲက အရေးကြီးတဲ့ မရှိသင့်၊ မဖြစ်သင့်တဲ့ Relationship  တွေကို ပြောရရင်တော့ ပထမဆုံး စာရင်းကိုင်နဲ့ ငွေကိုင်တို့ပဲလို့ ပြောရမှာပဲ။ Accountant & Cashier ပေါ့ကွာ။ ရယ်စရာပြောရရင်တော့ ငွေကိုင်နဲ့စာရင်းကိုင် နှစ်ဦးတစ်ပူး  တွဲတွဲနဲ့ မကြာခဏ ဗိုလ်ချုပ်ဈေးသွားပြီး အထည်စဖြတ်လိုက်၊ အလှကုန်ဝယ်လိုက် လုပ်နေရင်တော့ မဟုတ်မှလွဲရော တစ်ခုခုတော့ တစ်ခုခုပဲပေါ့။ (အားလုံးကိုမဆိုလိုပါ။) Cashier က ငွေထုတ်ပေးလိုက်၊ စာရင်းကိုင်က စာရင်းလိမ်လိုက်နဲ့ အလုပ်ဖြစ်နေတာကို လက်တွေ့ တွေ့ခဲ့ရဖူးပါတယ်။ အဲဒီ ကုမ္ပဏီက Internal Audit ကလည်း မရှိ၊ Check ၊ Recheck ၊ Counter Check တွေလည်း မရှိတော့ ဘာ Control  မှ မရှိဘဲ၊ ပရုပ်လုံး တဖြည်းဖြည်း 'ပါး' သွားသလို (ခပ်ကြမ်းကြမ်းပြောရင်တော့ ထန်းလျက် ခွေးလျက်သလို ) ဖြစ်တော့တာပေါ့။     office-love post နောက်တစ်ခုကတော့ (မပြောမဖြစ် ပြောရတော့မယ်) Office Romance  လို့ ပြောတဲ့ ရုံးတွင်းအချစ် ဇာတ်လမ်းလေးတွေပေါ့။ ပြောရရင်တော့ အထက်နဲ့အောက်၊ အဆင့်တူ၊ အထက်-အထက်ချင်း၊ အောက်- အောက်ချင်း စသဖြင့်ပါ။ မရှိသင့်၊ မဖြစ်သင့်တဲ့ Relationship လို့လည်း ပြောရင်ရတယ်။ ပုံမှန်ဖြစ်ရပ်  (Proper Incident)  မဟုတ်ရင်ပေါ့။ ဆိုလိုတာက လွတ်လပ်တဲ့သူအချင်းချင်းက ကိစ္စမရှိဘူးလေ။ မဟုတ်ရင်တော့ ပြဿနာရှိနိုင်ပါတယ်။ Office Romance  မှာ အကျိုးအပြစ် ရှိပါတယ်။ အချို့စီမံခန့်ခွဲသူတွေကတော့ မကြိုက်ဘူး။ အချို့ကလည်း အပြစ်မမြင်ဘူး။ ကိုယ့်အတွေး၊ ကိုယ့်အယူ အဆတွေနဲ့ပေါ့။ အချို့လုပ်ငန်းရှင်တွေဆို OR  ဖြစ်လာရင် အလုပ်ထုတ်ပစ်တဲ့အထိ လုပ်တယ်။ ဆရာ့သဘောကတော့ လုပ်ငန်းခွင်မထိခိုက်အောင်တော့ ထိန်းရမယ်။ ကိုယ့်ကုမ္ပဏီအတွင်း၊ ကိုယ့်လုပ်ငန်းအတွင်း၊ OR  ဖြစ်ပြီး လက်ထပ်လိုက်ကြရင်လည်း ပြီးသွားတာပဲ မဟုတ်လား။ ပိုတောင် ကောင်းသေးတယ်။ 'ဘုရားသွား၊ ကျောင်း တက်အတူတူ' ဆိုတဲ့စကားမှာ 'ရုံးတက်အတူတူ၊ အိုဗာတိုင်ဆင်း အတူတူ' ဆိုတာလေး ထပ်ထည့်လို့ရသေး။ ကိုယ့်အလုပ်မှာ ပိုပြီးတောင် Productivity တိုးလာသေး တယ်လို့ ဆရာ ယူဆပါတယ်။ ဒါလည်း ရှိသင့်၊ ဖြစ်သင့်တဲ့  Relationship လို့ ဆိုရင်လည်း ရပါတယ်။           အားလုံးခြုံပြောရရင်တော့ မေးခွန်းရှင်ရေ လုပ်ငန်းခွင်အတွင်း မရှိသင့်၊ မဖြစ်သင့်  Relationship  ဆိုတာကို သတ်မှတ်ရင်တော့ လုပ်နေတဲ့လူအားလုံးရဲ့ Ethics ၊ Etiquette ၊ Attitude တွေအပေါ်မှာ အများ ကြီး မူတည်ပြီး ဖြစ်ပေါ်လာကြတာမို့ ဒါတွေအားလုံး  'ကောင်း' ကြဖို့လိုမယ်လို့ ဆရာ ယူဆပါတယ်။ 

 ရဲမြင့် (စွန့်ဦးတီထွင်)