
Australia နိုင်ငံ မယ်လဘုန်းမြို့တော်မှာ စင်ကာပူနိုင်ငံရဲ့ World Class Land ဆောက်လုပ်ရေးလုပ်ငန်းကြီးကနေ တာဝန်ယူဆောက်လုပ်မယ့် Australla 108 အဆင့်မြင့် ကွန်ဒိုတိုက်ခန်း အရောင်းပြပွဲကို ၂၀၁၅ ခုနှစ် ဖေဖေါ်ဝါရီလ ၇ ရက်ကနေ ၈ ရက်အထိ ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းမှာရှိတဲ့ Sedona Hotel မှာ ကျင်းပခဲ့ပါတယ်။ ကွန်ဒိုလာရောက်ရောင်းချရခြင်းကလည်း Australia နိုင်ငံမှာလာရောက်ပညာ သင်ကြားမယ့် ကျောင်းသားတွေနဲ့ လုပ်ငန်းလုပ်ကိုင်ကြမယ့် သူတွေအတွက်ဝယ်ယူလို့ရအောင် လာရောက် ပြသရောင်းချပေးတာလို့ သိရပါတယ်။ အဆိုပါကွန်ဒိုမှာ အထပ်ပေါင်း ၁၀၀ ပါဝင်မှာဖြစ်ပြီး အဆင့်မြင့်တဲ့ အသုံးအဆောင်တွေလည်း တွဲဖက်ပါဝင်တယ်လို့ သိရပါတယ်။ ကားအစီးရေ ၅၀၀ ကျော်အတွက် ကားပါကင်လုံလောက်အောင်ပါရှိပြီး အိပ်ခန်းသုံးခန်းပါဝင်တဲ့ အခန်းကိုဝယ်ယူသူတွေအတွက် ကားပါကင်ပါ တွဲလျှက်ပါဝင်တယ်လို့ ဆိုပါတယ်။ နိုင်ငံတကာအဆင့်မီ ဈေးဝယ်စင်တာ၊ အားကစားခန်းမ၊ စားသောက်ခန်းမ၊ ရေကူးကန်တွေပါဝင်ပြီးတော့ ခုလက်ရှိမှာ စင်ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှား၊ တရုတ်နဲ့ မြန်မာနိုင်ငံမှာ ပြသရောင်းချတာဖြစ်ပါတယ်။ ဈေးနှုန်းအနေနဲ့ တစ်ပေပတ်လည်ကို Australia ဒေါ်လာ ၈၉၉ ဒေါ်လာ ရှိတယ်လို့သိရပါတယ်။ အသေးစိတ်သိရှိလိုပါက ဖုန်း ၀၉၅၁၅၃၁၄၅၊ ၀၉၉၇၄၂၀၁၁၄၂၊ ၀၉၄၂၈၃၁၁၂၀၄ ကို ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရပါတယ်။