Astons Specialities

ဥရောပအစားအစာကို စားချင်သူတွေအတွက် ဥရောပအစားအသောက်တွေ အဓိကရတဲ့ ASTONS Specialities နဲ့ မိတ်ဆက်ပေးပါရစေ။

Astons6

ဆိုင်တည်နေရာနဲ့ ဆက်သွယ်ရမယ့် ဖုန်းနံပါတ် . . .

မြန်မာပလာဇာ အပေါ်ဆုံးထပ်မှာ တည်ရှိပြီး ဖုန်းနံပါတ်ကတော့ ၀၉ ၉၆၀၉၄၉၄၉၉ ဖြစ်ပါတယ်။ Facebook မှာ ASTONS Specialities Yangon ဆိုပြီးလည်း တွေ့နိုင်ပါတယ်။

Astons7

ဆိုင်ဖွင့်ချိန် . . .

မနက်  ၁၁ နာရီကနေ ည ၉ နာရီအထိ ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါတယ်။

Astons8

ဖွင့်လှစ်ခဲ့ရတဲ့ ရည်ရွယ်ချက် . . .

မြန်မာနိုင်ငံမှာ ဥရောပအစားအစာတွေ သိပ်ခေတ်မစားသေးတာကြောင့် စားချင်ရင် ဟိုတယ်တွေမှာ သွားစားရတဲ့အတွက် Shopping Mall လိုနေရာမျိုးမှာ လူတိုင်းစားနိုင်တဲ့ဈေးနဲ့ လူတိုင်းစားနိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖွင့်ခဲ့တယ်လို့ သိရပါတယ်။

Astons2

ဈေးနှုန်းအပိုင်း . . .

ဈေးနှုန်းအနေနဲ့ ၄,၅၀၀ ကျပ်စပြီး ကျပ် ၄၀,၀၀၀ ကျော် အထိ ရှိတယ်လို့ သိရပါတယ်။

Astons1

ဆိုင်ရဲ့ အဓိက Menu တွေက . . .

ဗီယက်နမ်က တင်သွင်းတဲ့ Torry Fish ဆိုရင် ငါးညှီနံ့ လုံးဝမရှိဘဲ အသားကလည်း အင်မတန်နူးညံ့တဲ့အတွက် သက်ကြီးရွယ်အို အဖိုးအဖွားတွေအတွက် အင်မတန် သင့်တော်ပါတယ်။ ကလေးတွေအတွက်လည်း Fish & Chips အဖြစ် ကြော်တာလည်း ရနိုင်ပါတယ်။ I eat Superburger နဲ့ Homemade Ice Lemon Tea ကလည်း ASTONS ရဲ့ Signature တစ်ခုပါ။

Astons3

Astons4

ရရှိနိုင်တဲ့အသားတွေက . . .

ASTONS မှာ သင့်စိတ်တိုင်းကျ Beef ၊ Pork ၊ Lamb ၊ Chicken ၊ Fish တို့ကို ရွေးချယ်နိုင်ပါတယ်။

ဆိုင်ရဲ့ထူးခြားချက် . . .

ASTONS ရဲ့ နည်းအတိုင်း အသားတွေကို Home-made ဟင်းခတ်ပစ္စည်းတွေ၊ စက်တွေနဲ့ နယ်တဲ့အတွက် တခြားဆိုင်ကရတဲ့အသားတွေထက် ပိုနူးညံ့နေတာကို တွေ့ရပါတယ်။ နောက်ထပ်ထူးခြားတာက ဆိုင်အတွက် သီးသန့် Chef ထားစရာမလိုဘဲ Menu တစ်ခုကို အစအဆုံးစက်တွေနဲ့ပဲ ချက်ပြုတ်တယ်လို့ သိရပါတယ်။

Astons5

ဝန်ဆောင်မှု . . .

ဝန်ဆောင်မှုအပိုင်းအဖြစ် Table Dining ဖြစ်တဲ့အတွက် Menu တစ်ခုကို မိနစ် ၂၀ အတွင်း Customer ဆီ အရောက်ချနိုင်အောင် Target ထားပြီး ဝန်ဆောင်မှုပေးပါတယ်။

Astons9

အနာဂတ်အစီအစဉ် . . .

နောက်ပိုင်းမှာ ဆိုင်ခွဲနှစ်ဆိုင်ကနေ သုံးဆိုင်အထိ ထပ်ချဲ့ဖို့လည်း ရှိပါတယ်။

ယွန်းမီမီထွန်း