Asia House Restaurant

ဆိုင်ကို စတင်ဖွင့်လှစ်ဖြစ်ခဲ့ပုံ

-------------------

ကိုယ်တိုင်လည်းအစားအသောက်ဆိုင်ရင် ချဉ်ငံစပ်အရသာတွေကြိုက်သလို အရှေ့အတိုင်းအစားအသောက်နဲ့ မြန်မာဆန်တဲ့ဟင်းလျာတွေ၊ ယိုးဒယားဆန်တဲ့ ဟင်းပွဲလေးတွေလည်း တီထွင်ချင်တာနဲ့ ဒီဆိုင်ကို စတင်ဖွင့်လှစ်ခဲ့ပါတယ်လို့ ဆိုင်ရှင်ဒေါ်စိုးစန္ဒီက ပြောပြပါတယ်။ ဒီဆိုင်ကို အလာများတာတွေက မိသားစုတွေ၊ နိုင်ငံခြားသားတွေလည်း အလာများတယ်လို့ သိရပါတယ်။

asiahouse1

ဆိုင်အပြင်အဆင်ကတော့

-------------------

Asian Food ကို နည်းနည်းလေးပိုပြီးတော့ အိမ်အငွေ့အသက်ဆန်တဲ့ ပတ်ဝန်းကျင်မှာစားရတာမျိုးကို Focus ထားချင်တယ်။ ကျွန်မတို့လိုချင်တဲ့ပုံစံနဲ့ ကိုက်ညီတဲ့ ရှေးဆန်တဲ့ အဆောက်အဦမျိုးကိုရှာတော့  တရုတ်တန်းနဲ့လည်းနီးတဲ့ ကျွန်မတို့အိမ်နဲ့လည်းနီးတဲ့ အင်္ဂလိပ်ခေတ်ထဲက ဆောက်ထားတဲ့တိုက်ကို သွားတွေ့တယ်။ ဒါကြောင့် တိုက်ရဲ့အပြင်အဆင်ကို အထဲမှာ နည်းနည်းလေး Modern ဖြစ်ပေမယ့် အပြင်မှာ သူ့ရဲ့တိုက်ရဲ့ နဂိုပုံစံအဟောင်းကို ထိန်းထားတယ်။ အုတ်ခဲတွေ၊ ပြတင်းပေါက်တွေကအစ ဘာမှမပြင်ထားဘူး။ ဟိုးအရင်တုန်းက တိုက်ရဲ့ပုံစံအတိုင်းပဲ ထားထားပါတယ်။

asiahouse2

ဆိုင်မှာရနိုင်တဲ့ အစားအသောက်

----------------

မြန်မာထမင်းဟင်း၊ ယိုးဒယားဆန်ဆန်အသုတ်တွေ၊ အထောင်းတွေ၊ Chinese အကြော်အလှော် နည်းနည်းပါတယ်။ မိသားစုပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ Night Out ထွက်တဲ့အခါမှာပဲဖြစ်ဖြစ် အမြည်းရော ထမင်းရောနှစ်ခုလုံးကို Asian ဟန်မပျက်ဘဲ ခေတ်ဆန်ဆန်နဲ့ အဆင်ပြေမယ့်ဟာမျိုးတွေ မီနူးထဲထည့်ထားပါတယ်။

ထူးခြားတဲ့ဟင်းပွဲဆိုရင် ဝက်နားရွက်အကြွပ်ကြော်၊ ဝက်နံရိုးကင်တွေရပါတယ်။ အသုပ်တွေ အထောင်းတွေကို ဆန်းဆန်းပြားပြားအနေနဲ့ ပန်းသီးစိမ်းတို့လို ပစ္စည်းမျိုးတွေသုံးထားပြီး Healthy ဖြစ်အောင်လုပ်ထားပါတယ်။ လူအများ သိထားပြီးသား ဟင်းအမယ်တွေဆိုပေမယ့် ဆိုင်ရဲ့စတိုင်လ်ပေါ်လွင်အောင် နည်းနည်းလေး ဆန်းသစ်တီထွင်မှုလေးတွေပေါင်းထည့် ပြင်ဆင်ထားတာများပါတယ်။

အိမ်ထမင်းဟင်းပုံစံ ဆီပြန်ဟင်းတွေ၊ အသုတ်တွေ အထောင်းတွေကို လူကြိုက်များပြီး ဟင်းတွေကို Order မှာတော့မှ စချက်ပေးတာဖြစ်တယ်လို့ သိရပါတယ်။ ရှိသမျှ ဟင်းပွဲတိုင်းကို တစ်ပွဲမှာမှ တစ်ပွဲချက်ပေးတဲ့အတွက် ပူပူနွေးနွေး လတ်လတ်ဆတ်ဆတ် စားလို့ရမှာပါ။

asiahouse3

ထူးခြားတဲ့အစီအစဉ်တွေ

-------------------

Promotion အနေနဲ့ နေ့စဉ် ညနေ ၅ နာရီကနေ ၇ နာရီမှာ Happy Hour ရှိတယ်။ Cocktails ဆိုရင် Buy 1 Get 1 Free ၊ မုန့်လက်ဆောင်းတို့ ဘာတို့ဆိုရင်တော့ နေ့လည် ၁၂ ကနေ ညနေ ၅ နာရီဆို Buy 1 Get 1 ရှိပါတယ်။ နောက်ပိုင်း ဟင်းပွဲအသစ်တွေလည်း ထက်လုပ်သွားဖို့ ရှိတယ်လို့သိရပါတယ်။

ဆိုင်လိပ်စာ၊ ဖုန်းနံပါတ်

-------------

အမှတ် ၉၉၊ ၁၀၁၊ ဘုန်းကြီးလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်။

၀၉၉၇၂၃၅၃၃၉၇