ငွေကြေးဖောင်းပွမှုကြောင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကုန်စည်ဝယ်ယူမှုတွေ များလာတဲ့အတွက် အာရှတစ်လွှားမှာ ရွှေဝယ်လိုအား ဆက်လက်မြင့်တက် သွားလိမ့်မယ်လို့ HSBC ဘဏ်က ဆိုလိုက်ပါတယ်။ အိန္ဒိယ၊ တရုတ်၊ အင်ဒိုနီးရှားနဲ့ ဗီယက်နမ်နိုင်ငံတို့မှာ ရွှေထည်လက်ဝတ်လက်စား၊ ရတနာ၊ ဒင်္ဂါး စတာတွေ ဝယ်လိုအားက ၂၀၀၄ ခုနှစ်ကဆိုရင် တစ်ကမ္ဘာလုံးရဲ့ ၃၅ ရာခိုင်နှုန်းရှိရာကနေ အခုအခါ ၆၀ ရာခိုင်နှုန်းအထိ မြင့်တက်သွားပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ရွှေဝယ်လိုအားက ၂၀၀၈ ခုနှစ်ကထက် စာရင် နှစ်ဆမြင့်တက်လာပြီး တရုတ်နိုင်ငံရဲ့ ဝယ်လိုအားက အဆပေါင်း ၃၅၀ နီးပါးမြင့်တက်သွားပါတယ်။ ငွေကြေးဖောင်းပွမှု၊ ဘဏ်တွေကနေ အတိုးနှုန်း မက်လောက်စရာမရှိမှုတို့ကြောင့် အာရှဒေသရဲ့ ရွှေဝယ်လိုအားက မြင့်တက်နေဦးမယ်ဆိုပါတယ်။ Ref: The Jakarta Globe