အာရှစီးပွားရေးဖွံ့ဖြိုးမှု နှေးကွေးသွားနိုင်ကြောင်း IMF က ခန့်မှန်း

imf-Post pic ကမ္ဘာ့စီးပွားရေးအပေါ် စိုးရွံ့မှုတွေနဲ့ တရုတ်နိုင်ငံမှာ စီးပွားရေးနှေးကွေးလာနေတာတွေကြောင့် အာရှဒေသရဲ့ ဖွံ့ဖြိုးမှုကို နှောင့်နှေးသွားမယ့် အရိပ်အရောင်တွေတွေ့နေ ရချိန်မှာ  ဒီဒေသရဲ့ အလားအလာကောင်းတဲ့ နိုင်ငံအဖြစ် ဂျပန်နိုင်ငံကို မျော်လင့်မိကြောင်း နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF)  က အောက်တိုဘာလ ၈ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ ဂျပန်နိုင်ငံရဲ့ စီးပွားရေးက သမ္မတ  Shinzo Abe  ရဲ့ မူဝါဒသစ်ကြောင့် အခုနှစ်မှာ ၂ ရာခိုင်နှုန်းတိုးတက်လာကာ၊ တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးမှုကိုတော့ ပြီးခဲ့တဲ့ သုံးနှစ်ကထက် လျော့ကျကာ ၇.၆ ရာခိုင်နှုန်း ဖြစ်လာမယ်လို့ ခန့်မှန်းထားပါတယ်။ အိန္ဒိယနိုင်ငံကလည်း ဇူလိုင်လက ခန့်မှန်းထားတဲ့ ၅.၆ ရာခိုင်နှုန်းထက် လျော့ နည်းလို့ ၃.၈ ရာခိုင်နှုန်း တိုးတက်လာမယ်လို့ ခန့်မှန်းပါတယ်။ ဝါရှင်တန်အခြေစိုက်IMF အဖွဲ့ကြီးက အာရှဒေသရဲ့ ပျမ်းမျဖွံ့ဖြိုးမှုကို ယခုနှစ်နဲ့ ၂၀၁၄ ခုနှစ်အတွက် ၅.၂၅ ရာခိုင်နှုန်းရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ဒါဟာ အခြေအနေမဆိုးသေးပေမယ့် ဧပြီလက ခန့်မှန်းထားတဲ့ကိန်းဂဏန်းထက်တော့ လျော့နည်းသွားပါတယ်။ Ref: The Jakarta Globe