၁၅၀၀ တန်ဖုန်းကဒ်နဲ့ အာဆီယံ ၁၀ နိုင်ငံကို ပြည်တွင်းဖုန်းခေါ်ဆိုခအတိုင်း ခေါ်ဆိုနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ခေါ်ဆိုတဲ့နေရာမှာ ရိုက်နှိပ်ရမည့် format ကိုတော့ သိရှိဖို့ လိုအပ်ပါတယ်။ သက်ဆိုင်ရာနိုင်ငံ code ရှေ့မှာ 0100 ကို အရင်ရိုက်ပြီးမှခေါ်ဆိုရမှာဖြစ်ပြီး code နံပါတ်တွေကတော့ စင်ကာပူ - 010065၊ မလေးရှား - 010060, ထိုင်း - 010066, ဘရူနိုင်း - 0100673၊ အင်ဒိုနီးရှား - 010062၊ လာအို - 0100856၊ ဗီယက်နမ် - 010084၊ ကမ္ဘောဒီးယား - 0100855၊ ဖိလစ်ပိုင် - 010063 တို့ဖြစ်ပါ တယ်။ 0100 code နဲ့ နိင်ငံ code ရိုက်ထည့်ပြီးရင်တော့ ခေါ်ဆိုလိုတဲ့ဖုန်းနံပါတ်ကို ရိုက်နှိပ်ပြီး ဖုန်းပြောနိုင်ပြီလို့ သိရပါတယ်။