News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
၂၀၁၄ ခုနှစ် အာဆီယံရုပ်ရှင်ပွဲတော်
Editorial
March 20, 2014
Asean News
Local News
News
၂၀၁၄ ခုနှစ် အာဆီယံရုပ်ရှင်ပွဲတော်ဖွင့်ပွဲအခမ်းအနားကို မတ်လ ၁၇ ရက်နေ့က ရန်ကုန်မြို့ Traders Hotel မှာ ပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားကို အာဆီယံနိုင်ငံအသီးသီးမှ သံအမတ်ကြီးများ၊ ကုလသမဂ္ဂဆိုင်ရာ ဌာနကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဌ၊ နာယကများနဲ့ ရုပ်ရှင်အနုပညာ၊ အတတ်ပညာရှင်များ တက်ရောက်ခဲ့ကြပါတယ်။
အခမ်းအနားမှာ အဖွင့်နှုတ်ခွန်းဆက်စကားကို မြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးပိုက်ထွေး က “ အနုပညာဆိုတာ နိုင်ငံတစ်နိုင်ငံ၊ လူ့အဖွဲ့အစည်းတစ်ခုရဲ့ စွမ်းဆောင်ရည်ရှိမှု တွေကို စုစည်းဖော်ပြတဲ့ ယဉ်ကျေးမှုဘာသာဖြစ်ပြီး တစ်နိုင်ငံနဲ့တစ်နိုင်ငံ ယဉ်ကျေးမှုဖလှယ်ဖို့အတွက် ပေါင်းကူးတံတားလည်းဖြစ်ပါတယ်။ အခု အာဆီယံရုပ်ရှင်ပွဲတော်ကျင်းပပြီးစီးတဲ့ နောက်ပိုင်းမှာလည်း ရုပ်ရှင်မျိုးဆက်သစ်တွေကို မြှင့်တင်ပျိုးထောင်ပေးခြင်းနဲ့ အာဆီယံရုပ်ရှင်အစည်းအရုံးနဲ့ စုစည်းညှိနှိုင်းပွဲတွေကို အခါအခွင့်သင့်သလို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ အာဆီယံရုပ်ရှင်ပွဲတော် စတင်ပြသဖို့ ဖဲကြိုးဖြတ်ဖွင့်လှစ်တဲ့အခမ်းအနားကို မြန်မာ့ရုပ်ရှင်လုပ်ငန်းဦးဆောင်ညွှန်ကြားရေးမှူး၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးကိုယ်စားလှယ်နဲ့ အာဆီယံရုပ်ရှင်ကိုယ်စားလှယ်တို့က ရန်ကုန်၊ နေပြည်တော်ရုပ်ရှင်ရုံရှေ့မှာ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ပထမဦးဇာတ်ကားအနေနဲ့ မြန်မာရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ “ကယန်းအလှ” ဇာတ်ကားကို ပြသခဲ့ပါတယ်။ ဝင်ရောက်ကြည့်ရှုလိုသူတွေအတွက် လက်မှတ်တွေကို အခမဲ့ရပေးခဲ့ပြီး အာဆီယံနိုင်ငံအသီးသီးရဲ့ ရုပ်ရှင်တွေကို ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ပြပွဲရက်တွေအနေနဲ့ ၂၀၁၄ခုနှစ်၊ မတ်လ ၁၇ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ပြသသွားမှာဖြစ်ပြီး ပွဲချိန်တွေအနေနဲ့ ၁၀း၀၀ နာရီ၊ ၁၂း၃၀ နာရီခွဲ၊ ၃း၃၀ နာရီခွဲ နဲ့ ၆း၃၀ နာရီခွဲ အချိန်တွေဖြစ်ပါတယ်။
Facebook
Twitter
LinkedIn
RELATED POSTS
ပထမပုဂ္ဂလိကဘဏ်လီမိတက် နှစ်သုံးဆယ်ပြည့် ပုလဲရတုအခမ်းအနား ကျင်းပ
Posted On October 29, 2022, By Editorial
ထိုင်းနိုင်ငံရှိနိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များအား မြေပိုင်ဆိုင်ခွင့်ပြုမည်
Posted On October 28, 2022, By Editorial
Starbucks ကော်ဖီကုမ္ပဏီရဲ့စီအီးအိုအသစ် Laxman Narasimhan
Posted On October 2, 2022, By Editorial
လာမယ့်ဆယ်စုနှစ်အတွင်း ဒေါ်လာ ဘီလီယံ တစ်ရာကျော်နီးပါး ရင်းနှီးမြှုပ်နှံမှုတွေလုပ်သွားမယ့် အိန္ဒိယရဲ့ ကော်ပိုရိတ်လုပ်ငန်းစုကြီး : Adani Group
Posted On September 30, 2022, By Editorial
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
ဆရာ စံ-ဇာဏီဘို၏ နိုဝင်ဘာလ ၁ ရက်မှ ၇ ရက်အထိ တစ်ပတ်စာဟောစာတမ်း