News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
ASEAN Book Publishers Association အစည်းအဝေးကို မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ပြုလုပ်
Editorial
December 1, 2014
Asean News
Local News
News
ASEAN Book Publishers Association အစည်းအဝေးကို နိုဝင်ဘာလ ၂၈ ရက်နေ့က ရန်ကုန်မြို့၊ Taw Win Garden Hotel မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီအစည်းအဝေးကို မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်ပြုလုပ်တာဖြစ်ပြီး အာဆီယံနိုင်ငံများမှ စာပေထုတ်ဝေသူများ တက်ရောက်ခဲ့ကြပါတယ်။ အစည်းအဝေးမှာ မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများ အသင်းအား အဖွဲ့ဝင်အသစ်အဖြစ် ကျမ်းသစ္စာ ကျိမ်ဆိုခြင်း၊ အဖွဲ့ဝင်အဖြစ် အသိအမှတ်ပြုလက်မှတ် ပေးအပ်ခြင်းတို့ကိုပါ ထည့်သွင်းပြုလုပ်ခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများ အသင်း(Myanmar Publishers and Booksellers Association) ဥက္ကဌ ဒေါက်တာသာထွန်းဦး၊ ဒုဥက္ကဌ ဦးမျိုးအောင် အပါအဝင် အသင်းမှ တာဝန်ရှိသူများက အာဆီယံနိုင်ငံများအတွင်း စာပေ ထုတ်ဝေသူများ ကြုံတွေ့နေရတဲ့ အခက်အခဲများ၊Digital စနစ်အပြောင်းအလဲ၊ အကောက်ခွန်နှုန်းထားများ၊ စာအုပ်ဖြန့်ချိရေး အခက်အခဲ၊ သယ်ယူပို့ဆောင်ရေး စရိတ်စက အခက်အခဲ အခြေအနေ များကို ဆွေးနွေး ခဲ့ကြပါတယ်။ ဒါ့အပြင် အစည်းအဝေးမှာ အာဆီယံနိုင်ငံအသီးသီးမှ ကိုယ်စားလှယ်များက နိုင်ငံတကာစာအုပ်ဈေးပွဲတော်များနှင့်ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို အပြန်အလှယ်ဖလှယ်ခြင်း၊ သက်ဆိုင်ရာနိုင်ငံအသီးသီးရှိ စာအုပ်ထုတ်ဝေရေးလောကအတွက် Knowledge Sharing အနေနှင့်ပြုလုပ်လျက်ရှိတဲ့ သင်တန်းများနှင့်ပတ်သက်ပြီး အပြန်အလှန်ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြပါတယ်။
Facebook
Twitter
LinkedIn
RELATED POSTS
ပထမပုဂ္ဂလိကဘဏ်လီမိတက် နှစ်သုံးဆယ်ပြည့် ပုလဲရတုအခမ်းအနား ကျင်းပ
Posted On October 29, 2022, By Editorial
ထိုင်းနိုင်ငံရှိနိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များအား မြေပိုင်ဆိုင်ခွင့်ပြုမည်
Posted On October 28, 2022, By Editorial
Starbucks ကော်ဖီကုမ္ပဏီရဲ့စီအီးအိုအသစ် Laxman Narasimhan
Posted On October 2, 2022, By Editorial
လာမယ့်ဆယ်စုနှစ်အတွင်း ဒေါ်လာ ဘီလီယံ တစ်ရာကျော်နီးပါး ရင်းနှီးမြှုပ်နှံမှုတွေလုပ်သွားမယ့် အိန္ဒိယရဲ့ ကော်ပိုရိတ်လုပ်ငန်းစုကြီး : Adani Group
Posted On September 30, 2022, By Editorial
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
၉ ဂဏန်းသမားများ (၉, ၁၈, ၂၇ ရက်နေ့မွေးဖွားသူများ) အတွက် ၂၀၂၅ ခုနှစ် တစ်နှစ်စာ ဟောစာတမ်း