News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
Artist Life Art Gallery ရဲ့ ၁၅ နှစ်ပြည့် ပန်းချီပြပွဲ
Editorial
November 25, 2014
Gallery
Leisure
Local News
News
ပန်းချီဆရာကြီးဦးလွန်းကြွယ် စတင်တည်ထောင်လာခဲ့တဲ့ Artist Life Art Gallery ရဲ့ ၁၅ နှစ်ပြည့် ပန်းချီပြပွဲကို နိုဝင်ဘာလ ၂၂ ရက်ကနေ ၂၈ ရက်အထိ အဆိုပါပြခန်းတည်ရှိရာ တောင်ငူလမ်း၊ ၁၇ ရပ်ကွက်၊ ရွှေပေါက်ကံ (မြို့သစ်) မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ အဆိုပါပန်းချီပြပွဲမှာ ပန်းချီဆရာကြီး ဦးလွန်းကြွယ်နဲ့အတူ လွန်းမြမြ၊ လွန်းကျော်ရီ၊ လွန်းဇော်၊ လွန်းဖေ၊ နေလွန်းမောင်၊ ကျော်စိုး၊ ခင်မောင်ဘို၊ အေးမင်း၊ မြင့်အောင်၊ သက်မော်၊ မိုးသက် အစရှိတဲ့ ပန်းချီဆရာ ၂၁ ဦး ရဲ့ လက်ရာပန်းချီကားပေါင်းမြောက်မြားစွာကို ခင်းကျင်းပြသထားပါ တယ်။ ၁၅ နှစ်ပြည့် အထိမ်းအမှတ်နဲ့ ပတ်သက်လို့ ပန်းချီဆရာကြီးဦးလွန်းကြွယ်က `၁၉၉၉ခုနှစ်၊ နိုဝင်ဘာလ ကတည်းက ဒီပြခန်းကို တည်ထောင်လာတာဆိုတော့ အခုဆိုရင် ၁၅ နှစ်တိုင်အောင် ရှိသွားပြီ။ ဒီပြပွဲကလည်း နှစ်စဉ်ပြတဲ့ ပြပွဲပါ။ ကျွန်တော်ကိုယ်တိုင်ကိုယ်က ပြည်တွင်းမှာသာမက နိုင်ငံခြားမှာ ပန်းချီပညာသွား သင်ဖူး တယ်။ ကမ္ဘာက ကျွန်တော့်ကို Impressionist အနေနဲ့ Action Impressionist လို့ နာမည်ပေးတယ်။ ရေးတဲ့ ပန်းချီကားတွေက အသက်ဝင်တယ်၊ လှုပ်ရှားနေတယ်။ ဘာဖြစ်လို့ အသက်ဝင်လာလဲဆိုရင် ကမ္ဘာမှာ သုံးတဲ့ ပန်းချီဝါဒတွေမှာ Realism လည်း ရေးဆွဲဖူးတယ်။ အဲဒီ Realism ကနေ Impressionism ဝါဒပြောင်းသွား တော့လည်း ရေးဆွဲဖူးတယ်။ တစ်ခါ သူကနေ Abstract ပြောင်းသွားတော့လည်း ရေးဆွဲဖူးတယ်။ ပြီးတော့ Modern အတွေးအခေါ်တွေနဲ့ ရေးဆွဲတာတွေလည်း ရေးဆွဲဖူးတယ်။ အဲဒီတော့ ပန်းချီဝါဒမျိုးစုံကို ရေးဆွဲဖူး တော့ ဒီပြပွဲမှာ ပြတဲ့ ပန်းချီကားတွေမှာလည်း အဲဒီအယူအဆတွေကို တွေ့ရမှာပါ` လို့ ပြောပြခဲ့ပါတယ်။
Facebook
Twitter
LinkedIn
RELATED POSTS
ပထမပုဂ္ဂလိကဘဏ်လီမိတက် နှစ်သုံးဆယ်ပြည့် ပုလဲရတုအခမ်းအနား ကျင်းပ
Posted On October 29, 2022, By Editorial
ထိုင်းနိုင်ငံရှိနိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များအား မြေပိုင်ဆိုင်ခွင့်ပြုမည်
Posted On October 28, 2022, By Editorial
Starbucks ကော်ဖီကုမ္ပဏီရဲ့စီအီးအိုအသစ် Laxman Narasimhan
Posted On October 2, 2022, By Editorial
လာမယ့်ဆယ်စုနှစ်အတွင်း ဒေါ်လာ ဘီလီယံ တစ်ရာကျော်နီးပါး ရင်းနှီးမြှုပ်နှံမှုတွေလုပ်သွားမယ့် အိန္ဒိယရဲ့ ကော်ပိုရိတ်လုပ်ငန်းစုကြီး : Adani Group
Posted On September 30, 2022, By Editorial
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
ဆရာ စံ-ဇာဏီဘို၏ နိုဝင်ဘာလ ၁ ရက်မှ ၇ ရက်အထိ တစ်ပတ်စာဟောစာတမ်း