Artist Life Art Gallery ရဲ့ ၁၅ နှစ်ပြည့် ပန်းချီပြပွဲ

Artist Life 10 ပန်းချီဆရာကြီးဦးလွန်းကြွယ် စတင်တည်ထောင်လာခဲ့တဲ့ Artist Life Art Gallery ရဲ့ ၁၅ နှစ်ပြည့် ပန်းချီပြပွဲကို နိုဝင်ဘာလ ၂၂ ရက်ကနေ ၂၈ ရက်အထိ အဆိုပါပြခန်းတည်ရှိရာ တောင်ငူလမ်း၊ ၁၇ ရပ်ကွက်၊ ရွှေပေါက်ကံ (မြို့သစ်) မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ အဆိုပါပန်းချီပြပွဲမှာ ပန်းချီဆရာကြီး ဦးလွန်းကြွယ်နဲ့အတူ လွန်းမြမြ၊ လွန်းကျော်ရီ၊ လွန်းဇော်၊ လွန်းဖေ၊ နေလွန်းမောင်၊ ကျော်စိုး၊ ခင်မောင်ဘို၊ အေးမင်း၊ မြင့်အောင်၊ သက်မော်၊ မိုးသက် အစရှိတဲ့ ပန်းချီဆရာ ၂၁ ဦး ရဲ့ လက်ရာပန်းချီကားပေါင်းမြောက်မြားစွာကို ခင်းကျင်းပြသထားပါ တယ်။ ၁၅ နှစ်ပြည့် အထိမ်းအမှတ်နဲ့ ပတ်သက်လို့ ပန်းချီဆရာကြီးဦးလွန်းကြွယ်က `၁၉၉၉ခုနှစ်၊ နိုဝင်ဘာလ ကတည်းက ဒီပြခန်းကို တည်ထောင်လာတာဆိုတော့ အခုဆိုရင် ၁၅ နှစ်တိုင်အောင် ရှိသွားပြီ။ ဒီပြပွဲကလည်း နှစ်စဉ်ပြတဲ့ ပြပွဲပါ။ ကျွန်တော်ကိုယ်တိုင်ကိုယ်က ပြည်တွင်းမှာသာမက နိုင်ငံခြားမှာ ပန်းချီပညာသွား သင်ဖူး တယ်။  ကမ္ဘာက ကျွန်တော့်ကို Impressionist အနေနဲ့ Action Impressionist လို့ နာမည်ပေးတယ်။ ရေးတဲ့ ပန်းချီကားတွေက အသက်ဝင်တယ်၊ လှုပ်ရှားနေတယ်။ ဘာဖြစ်လို့ အသက်ဝင်လာလဲဆိုရင် ကမ္ဘာမှာ သုံးတဲ့ ပန်းချီဝါဒတွေမှာ Realism လည်း ရေးဆွဲဖူးတယ်။ အဲဒီ Realism ကနေ Impressionism ဝါဒပြောင်းသွား တော့လည်း ရေးဆွဲဖူးတယ်။ တစ်ခါ သူကနေ Abstract  ပြောင်းသွားတော့လည်း ရေးဆွဲဖူးတယ်။ ပြီးတော့ Modern အတွေးအခေါ်တွေနဲ့ ရေးဆွဲတာတွေလည်း ရေးဆွဲဖူးတယ်။ အဲဒီတော့ ပန်းချီဝါဒမျိုးစုံကို ရေးဆွဲဖူး တော့ ဒီပြပွဲမှာ ပြတဲ့ ပန်းချီကားတွေမှာလည်း အဲဒီအယူအဆတွေကို တွေ့ရမှာပါ` လို့ ပြောပြခဲ့ပါတယ်။ Artist Life 1 Artist Life 9 Artist Life 12 Artist Life 11  Artist Life 8 Artist Life 2 Artist Life 3 Artist Life 4 Artist Life 5 Artist Life 6 Artist Life 7