၂၀၂၅ ခုနှစ်မတိုင်ခင် ထိုင်းနိုင်ငံရှိ အွန်လိုင်းအခြေခံစီးပွားရေးများ တိုးတက်ဖွယ်ရှိ

[caption id="attachment_32560" align="alignnone" width="420"]int4Google Thailand ရဲ့ Country Director Mr Ben King[/caption]

ထိုင်းနိုင်ငံရဲ့ဒီဂျစ်တယ်စီးပွားရေးလုပ်ငန်းတွေကို ၂၀၂၅ ခုနှစ်မတိုင်ခင်မှာ အမေရိကန်ဒေါ်လာ ၃၇ ဘီလီယံ (ထိုင်းဘတ် ၁.၁၇ ထရစ်လီ ယံ) လောက်ထိ တိုးတက်လာဖို့ မျှော်မှန်းထားကြောင်း Google & Temasek သုတေသနပြုချက်အရသိရပါတယ်။ e-commerce၊ အွန်လိုင်းခရီးသွား၊ အွန်လိုင်းမီဒီယာနဲ့ Ride-hailing တက္ကစီဝန်ဆောင်မှုစတဲ့ ကဏ္ဍလေးခုပါဝင်တဲ့ ထိုင်းနိုင်ငံရဲ့အင်တာနက်စီးပွားရေးဟာ ၂၀၁၇ ခုနှစ်မှာ ဒေါ်လာတစ်ဆယ်ဘီလီယံလောက်ထိ တန်ဖိုးရှိခဲ့ကြောင်း Google Thailand ရဲ့ Country Director Mr Ben King က ပြောကြားခဲ့ပါတယ်။ အရှေ့တောင်အာရှနိုင်ငံတွေက မိုဘိုင်းအင်တာနက်သုံးစွဲချိန ်ပျမ်းမျှအားဖြင့် အမြင့်ဆုံးရှိတဲ့အထဲမှာ ထိုင်းနိုင်ငံက ပျမ်းမျှတစ်နေ့ကို ၄.၂ နာရီနဲ့အထက် အင်တာနက်သုံးစွဲမှုရှိပြီး ကမ္ဘာမှာ မိုဘိုင်းအင်တာနက်သုံးစွဲချိန်အများဆုံးအဖြစ် သတ်မှတ်ထားခံရပါတယ်။ အင်တာနက်သုံးစွဲသူပေါင်း ၄၅ မီလီယံရှိပြီး အဲဒီထဲက လူဦးရေနှစ်ဆယ်မီလီယံဟာ အသုံးပြုပြီးမှ ငွေသွင်းရတဲ့ မိုဘိုင်းဖုန်းသုံးစွဲသူတွေ ဖြစ်တယ်လို့ သိရပါတယ်။ ၂၀၁၅-၂၀၁၇ ခုနှစ်အတွင်းမှာ ထိုင်းနိုင်ငံက ရင်းနှီးမြှုပ်နှံငွေဒေါ်လာ ၁၃ ဘီလီယံ လက်ခံရရှိခဲ့ပြီး ၂၀၂၅ ခုနှစ်မှာ ဒေါ်လာလေးဆယ်မှ ငါးဆယ်ဘီလီယံအထိ တိုးတက်လာဖို့ စီမံဆောင်ရွက်နေကြောင်း သိရပါတယ်။