API99 Resources Pte Ltd က ကြီးမှူးကျင်းပတဲ့၊ မြန်မာနိုင်ငံအပါအဝင် ဂျပန် ၊ စင်ကာပူ ၊ မလေးရှားနဲ့ တရုတ်နိုင်ငံတို့မှ ဆောက်လုပ်ရေးလုပ်ငန်းနဲ့ ဆောက်လုပ်ရေးလုပ်ငန်းဆိုင်ရာ နည်းပညာကုမ္ပဏီတွေ ပါဝင်ပြသထားတဲ့ Myanmar Construction Industry & Technology Tradeshow (MCIT) ကို ၂၀၁၇ ခုနှစ် ၊ စက်တင်ဘာလ ၁ ရက်ကနေ ၃ ရက်ထိ ရန်ကုန်မြို့ ၊ ဝေဇယန္တာလမ်းနဲ့ ဂန္ဓမာလမ်းထောင့်ရှိ Gandamar Wholesale မှာ ကျင်းပခဲ့ပါတယ်။ အခမ်းအနားကို API99 Resources Pte Ltd ရဲ့ ဥက္ကဋ္ဌ Mr Alvin Peh ၊ Eilumina Resources Co Ltd ရဲ့ ဥက္ကဋ္ဌ Mr Steven Lew (President)၊ မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်းဥက္ကဋ္ဌ ဦးခင်မောင်သန်းနဲ့ မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း အထွေထွေအတွင်းရေမှူး ဒေါ်မို့မို့အောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါတယ်။
အဲဒီနောက် API99 Resources Pte Ltd ရဲ့ ဥက္ကဋ္ဌဖြစ်သူ Mr Alvin Peh ကအဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်းဥက္ကဋ္ဌဖြစ်သူ ဦးခင်မောင်သန်းကလည်း ကျေးဇူးတင်အမှာစကား ပြောကြားပေးခဲ့ပါတယ်။ ပွဲမှာ API99 Resources Pte Ltd မှ ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ပြပွဲအတွင်းလာရောက်သူ ဧည့်ပရိသတ်တွေကို ကျပ် သိန်း ၅၀ တန်ဖိုးရှိ ကံစမ်းမဲတွေ ဖောက်ပေးသွားမယ်လို့လည်း သိရှိရပါတယ်။