

မြန်မာပြည်မှာ အမေရိကန်ဒေါ် လာသန်း ၆၀ ရင်းနှီးမြှုပ်နှံထားပြီး တစ်နှစ်ကို ဟတ်တာလီတာ ၃၃၀၀၀၀ ထုတ်လုပ်သွားနိုင်မယ့် Heineken ဘီယာချက်စက်ရုံဖွင့်ပွဲ အခမ်းအနားကို ၂၀၁၅ ခုနှစ်၊ ဇူ လိုင်လ၊ ၁၂ ရက်က အမှတ် ၄ လမ်းမပေါ်၊ လှော်ကားတာဆုံအနီး မှော်ဘီမြို့နယ်မှာ ဖွင့်လှစ်ခဲ့ပါတယ်။
Heineken ဟာ နိုင်ငံပေါင်း ၇၀ ကျော်မှာ စက်ရုံ ၁၆၅ ရုံနဲ့ လည်ပတ်နေပါတယ်။ Heineken ဘီယာကို ပြည်တွင်းမှာ တရားဝင် ထုတ်လုပ်ရောင်းချဖို့အတွက်ကိုလည်း IBTC ကုမ္ပဏီက ခွင့်ပြုချက်ရရှိထားတယ်လို့ သိရှိရပါတယ်။
Heineken ဟာ မြန်မာနိုင်ငံမှာ နိုင်ငံတကာအရည်အသွေးနဲ့အညီ မြန်မာနိုင်ငံက ထွက်ကုန်ဖြစ်တဲ့ ဆန်ကို ကုန်ကြမ်းအနေနဲ့သုံးပြီး ဘီယာချက်လုပ်သွားမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။