ကမ္ဘာ့နံပါတ်တစ် ပလက်တီနမ်ထုတ်လုပ်တဲ့ကုမ္ပဏီ Anglo American Platinum (Amplats) ဟာ တောင် အာဖရိကမှာရှိတဲ့ အလုပ်သမားပေါင်း ၆,၉၀၀ ခန့်ကို အလုပ်အကိုင်စတင် လျော့ချသွားမယ်လို့ ကြေညာခဲ့ပါ တယ်။ တစ်နှစ်ကို အမေရိကန်ဒေါ်လာသန်းလေးရာ ချွေတာတဲ့အနေနဲ့ သတ္တုတွင်းလုပ်သားခြောက်ထောင်နဲ့ ကုမ္ပဏီဝန်ထမ်းကိုးရာကို လျော့ချသွားမှာဖြစ်တယ်လို့ Amplats ရဲ့ CEO ဖြစ်တဲ့ Chris Griffith က ဆိုပါတယ်။ အရင်က Amplats ဟာ အလုပ်အကိုင်ပေါင်း ၁၄,၀၀၀ လောက်အထိ လျော့ချဖို့ စီစဉ်ထားခဲ့တာဖြစ်တယ်။ ကမ္ဘာ့ပလက်တီနမ်ရောင်းအား ၄၀ ရာခိုင်နှုန်းကို ကိုယ်စားပြုနေတဲ့ Amplats အနေနဲ့ တစ်နှစ်ကို ပလက်တီနမ်အောင်စ ၂.၂ သန်းကနေ ၂.၄ သန်းထိ ထုတ်လုပ်ဖို့ မျော်မှန်းထားပါတယ်။ Amplats ဟာ အခြား နိုင်ငံတကာ သတ္တုတူးဖော်ရေး ကုမ္ပဏီတွေလိုပဲ အလုပ်သမားတွေရဲ့ ဆန့်ကျင်ဆန္ဒပြမှုတွေ ရင်ဆိုင်နေရတဲ့ ကုမ္ပဏီဖြစ်တယ်။ လုပ်အားခတွေ မြင့်တက်လာပြီး လျပ်စစ်ဓာတ်အားအတွက် ကုန်ကျစရိတ် တွေမြင့်မားလာ ကြောင့်အပြင် တန်ဖိုးကြီးတဲ့တွင်းနက်သတ္တုတွင်းတွေကနေ အရည်အသွေးနိမ့် သတ္တုတွေထွက်နေတဲ့အတွက် Amplats ရဲ့ အမြတ်ရရှိမှုထိခိုက်နေပါတယ်။ Ref: CNA