အမေရိကန်နိုင်ငံသားတွေရဲ့ ၁၅ ရာခိုင်နှုန်းက ဆင်းရဲမွဲတေနေ

Poor in USA copy အမေရိကန်နိုင်ငံ စီးပွားရေးဟာ လေးလေးကန်ကန်နဲ့ တိုးတက်လာနေပေမဲ့ တိုင်းပြည်ရဲ့ ၂၀၁၂ ခုနှစ်အတွက် ဆင်းရဲမွဲတေမှုနှုန်းဟာ ၁၅ ရာခိုင်နှုန်းမှာ တန့်နေပါတယ်။ အမေရိကန် လူမျိုး ခုနစ်ယောက်မှာ တစ်ယောက်က ဆင်းရဲနေပြီး၊ ၂၀၁၁ ခုနှစ်က ဆင်းရဲသူအရေအတွက် ၄၆.၂ သန်း ဆိုတဲ့ ကိန်းဂဏန်းနဲ့ သိပ်မကွာပါ ဘူး၊ ခြောက်နှစ်ဆက်တိုက် ဒီအတိုင်းရပ် တန့်နေတာဖြစ်ကြောင်း သန်းခေါင်စာရင်းဗျူရိုက သတင်းထုတ်ပြန်ပါတယ်။ အမေရိကန်မိသားစုတွေရဲ့ ပျမ်းမျဝင်ငွေက ၅၁,၀၇၁ ဒေါ်လာ ဖြစ်ပြီး ယမန်နှစ်ကနဲ့ အတူတူပါပဲ။ ယမန်နှစ်အတွက် တရားဝင် ဆင်းရဲမွဲတေမှုမျဉ်းက မိသားစုဝင်လေးယောက်ရှိတဲ့ မိသားစုတစ်စုအတွက် ၂၃,၄၉၂ ဒေါ်လာ ဖြစ်ပါတယ်။ အမေရိကန်ရဲ့ ဆင်းရဲမွဲတေမှုနှုန်း သိသိသာသာ ကျဆင်းခဲ့တာက ၂၀၀၆ ခုနှစ်က နောက်ဆုံးပဲဖြစ်ပါတယ်။ ချမ်းသာသူနဲ့ဆင်း ရဲသူကွာဟမှုကလည်း ၂၀၀၇ ခုနှစ်ကတည်းက မြင့်တက်ခဲ့တာ သမိုင်းတွင်တဲ့အထိဖြစ်ပါတယ်။ အခုလို တိုးတက်မှုမရှိတာဟာ စီးပွားရေးမဆိုစလောက် တိုးတက်မှုကို အားလုံးညီတူညီမျှ မခံစားကြရဘူးဆိုတာကို ဖော်ပြနေတယ်လို့ သန်းခေါင်စာရင်းဗျူရိုရဲ့ ယခင်အကြီးအကဲ John Iceland က ပြောပါတယ်။ Ref : AP