အမေရိကန်မှာ အောက်တိုဘာလအတွင်း အလုပ်အကိုင် နှစ်သိန်းကျော်တိုးလာ

[caption id="attachment_6752" align="alignnone" width="300"]နယူးယော့ အလုပ်အကိုင် အခွင့်အလမ်းပြပွဲတစ်ခု၌ အလုပ်လျှောက်လွှာ ဖြည့်နေသူတစ်ဦး နယူးယော့ အလုပ်အကိုင် အခွင့်အလမ်းပြပွဲတစ်ခု၌ အလုပ်လျှောက်လွှာ ဖြည့်နေသူတစ်ဦး[/caption] အမေရိကန်အစိုးရအနေနဲ့ နိုင်ငံအတွက် မရှိမဖြစ်မဟုတ်တဲ့ ဝန်ဆောင်မှုတွေကို လျော့ချမှုပြုလုပ်နေပေမဲ့ အမေရိကန်နိုင်ငံမှာ အံ့သြစရာရလဒ်အနေ နဲ့ အောက်တိုဘာ လအတွင်း အလုပ်အကိုင်ပေါင်း ၂၀၄,၀၀၀  တိုးလာခဲ့တယ်လို့ အမေရိကန်အလုပ်သမားရေးရာဌာနက ထုတ်ပြန်ခဲ့ပါတယ်။ အောက်တိုဘာလ မတိုင်မီနှစ်လအတွင်းမှာ လည်း အလုပ်အကိုင်ပေါင်း ခြောက်သောင်းကျော် မြင့်တက်ခဲ့ပြီး အမေရိကန်စီးပွားရေးမှာ အလုပ်အကိုင် တိုးပွားမှုဟာ မျှော်မှန်းထားတာထက် ပိုမိုကောင်းမွန်နေတာ ကို တွေ့ရပါတယ်။ အလုပ်အကိုင် အများဆုံး ဖန်တီးပေးနိုင်တဲ့ ကဏ္ဍကတော့ လက်လီရောင်းဝယ်ရေးလုပ်ငန်းဖြစ်ပြီး အလုပ်အကိုင် ပေါင်း ၄၄,၀၀၀ ကျော် ဖန်တီးပေးနိုင်ခဲ့ပါတယ်။ Ref: CNA