အတုအပ ပြုလုပ်သူတွေရဲ့ရန်က ကာကွယ်နိုင်အောင် အထူးရိုက်နှိပ်ထားတဲ့အမေရိကန်ဒေါ်လာ တစ်ရာတန် ငွေစက္ကူသစ်ကို အောက်တိုဘာလ ၈ ရက်နေ့မှာ စတင် ထုတ်ဝေလိုက်ပါတယ်။ မျက်နှာစာဘက်မှာ အမေရိကန် တိုင်းပြုပြည်ပြုပုဂ္ဂိုလ် Benjamin Franklin ကို ဖော်ပြထားပြီး ကျောဘက်မှာတော့ လွတ်လပ်ရေးကြေညာ စာတမ်းကို အတည်ပြုခဲ့တဲ့ Benjamin Franklin လွတ်လပ်ရေးခန်းမကို ဖော်ပြထားပါတယ်။ အစိုးရဟာ အဲဒီငွေ စက္ကူသစ် ၃.၅ ဘီလီယံကို ရိုက်နှိပ် ဖြန့်ဝေထားပါ တယ်။ ယခင် ဒေါ်လာတစ်ရာတန် ငွေစက္ကူဟောင်းက ဒေါ်လာကိုးရာ ဘီလီယံခန့်ဖိုး ဈေးကွက်မှာရှိနေတာဖြစ်ပြီး အခုငွေစက္ကူ အသစ်ကိုလည်းပဲ အဟောင်း အတိုင်းပဲ ယုံယုံကြည်ကြည်နဲ့ သုံးစွဲစေလိုကြောင်း အမေရိကန်ဗဟိုဘဏ်၊ ငွေကြေးပညာ ပေးရေးအစီအစဉ်ရဲ့ မန်နေဂျာ Sonja Danburg က ပြောပါတယ်။ Ref: CAN