တရုတ်ပြည်ရဲ့အွန်လိုင်းဝယ်ရောင်း လုပ်ငန်းကုမ္ပဏီဖြစ်တဲ့ Alibaba ဟာ တရုတ်ပြည်ရဲ့ ထိပ်တန်းဘောလုံး ကလပ်အသင်းဖြစ်တဲ့ Evergrande မှာ အစုရှယ်ယာ ၅၀ ရာခိုင်နှုန်း (အမေရိကန်ဒေါ်လာ သန်း ၁၉၀ ကျော်) ဝယ်ယူမြှုပ်နှံမယ်လို့ သိရပါ တယ်။ ဒီတရုတ်ကလပ်အသင်းဟာ ၂၀၁၃ ခုနှစ်က အာရှချန်ပီယံဖလား ရခဲ့ပါတယ်။ ဒီသဘောတူညီချက်ကို တရုတ်အားကစားရှင်တွေက ကြိုဆို ကြတယ်။ "Alibaba ဟာ ငွေကြေး တောင့်တင်းတဲ့အတွက် တရုတ်ကလပ် အသင်းကို အများကြီးကျေးဇူးပြုမှာ ပါ'' လို့ တချို့က ပြောကြတယ်။ Alibaba အနေနဲ့ တခြားသူတွေရဲ့ လုပ်ငန်းတွေမှာ ဝင်ရောက်ရင်းနှီးမြှုပ် နှံတာတွေ ရှိခဲ့ရာမှာ အခုဟာက တစ်ခုအပါအဝင် ဖြစ်တယ်။ အမေရိ ကန်စတော့ဈေးကွက်မှာ ရှယ်ယာတွေ ရောင်းချဖို့ အစီအစဉ်ရှိပါတယ်။ အမေ ရိကန်ဒေါ်လာ ၁၅ ဘီလီယံလောက်အထိ ရနိုင်တယ်လို့ ခန့်မှန်းထားတယ်။ အဲဒါဆိုရင် ၂၀၁၂ ခုနှစ်တုန်း က Facebook (IPO) လုပ်တုန်းက ရခဲ့တဲ့ ၁၆ ဘီလီယံနဲ့ မတိမ်းမယိမ်း ဖြစ်သွားပါလိမ့်မယ်။ Alibaba ဟာ အွန်လိုင်းဈေးရောင်း/ ဝယ်လုပ်ငန်း မှာ တရုတ်ပြည် ရဲ့အကြီးဆုံးဖြစ်တဲ့Taobo ကို လုပ်ကိုင်နေတာဖြစ်ပြီး ဒီလုပ်ငန်းဟာ အွန်လိုင်းဈေးကွက်ရဲ့ ၉၀ ရာခိုင်နှုန်းကို ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
Ref: AFP