AKI မှ New Vocational Qualifications မိတ်ဆက်ပွဲ

article landscape wartermark final2 AKI School of Engineering ရဲ့ New Vocational Qualifications မိတ်ဆက်ပွဲကို ၂၀၁၄ ခုနှစ် သြဂုတ်လ ၂၆ ရက်က ရန်ကုန်မြို့၊ Orchid Hotel City Hall (City Star Hotel) မှာ ကျင်းပခဲ့ပါတယ်။ ပွဲမှာ အခမ်းအနားမှူ းအဖြစ် ကိုအောင်ကိုလတ်က ဆောင်ရွက်ပေးခဲ့ပြီး အဖွင့်အမှာစကားကို  AKI School ရဲ့ Principal ဦးအေးမင်းမင်း ကပြောကြားခဲ့ပါတယ်။ AKI ကျောင်းကို အထက်တန်းပညာ တက်ရောက်သင်ကြားဖူးသူတိုင်း တက်ရောက်နိုင်မှာဖြစ်ပြီး နည်းပညာဆိုင်ရာ အသက်မွေးမှုအတတ်ပညာဖြင့် အလုပ်လုပ်ချင်တဲ့ လူငယ်တွေ၊ လက်တွေ့ ကျွမ်းကျင်မှုနှင့် အသိပညာများကို သင်ယူချင်တဲ့ မျိုးဆက်သစ်အင်ဂျင်နီယာတွေ၊ နိုင်ငံတကာအသိအမှတ်ပြု အောင် လက်မှတ်ရယူချင်တဲ့ လုပ်ငန်းခွင်ကလူတွေ တက်ရောက်နိုင်တယ်လို့ သိရပါတယ်။ ပညာရေးအခြေခံရှိသူများအနေနဲ့ AKI သင်တန်းကျောင်းမှ နိုင်ငံတကာအသိအမှတ်ပြု လက်မှတ်များ ရယူပြီး လုပ်ငန်းခွင် ဝင်ရောက်နိုင်ဖို့၊ နိုင်ငံတကာတက္ကသိုလ်များကို တက်ရောက်နိုင်ဖို့ ကြိုးစားနိုင်မှာဖြစ်တဲ့အပြင် ပညာရေးအခြေခံတဲ့ မြန်မာနိုင်ငံမှ လုပ်ငန်း ခွင်ကျွမ်းကျင်လုပ်သားတွေအတွက် မိမိကျွမ်းကျင်မှုကို အစစ်ဆေးခံပြီး နိုင်ငံတကာအသိအမှတ်ပြု ကျွမ်းကျင်လက်မှတ်ထုတ်ယူ နိုင်တယ်လို့လည်း သိရပါတယ်။ ဒီကျောင်းက နေ့စား ဆောက်လုပ်ရေးသမားတွေကို နိုင်ငံတကာအသိအမှတ်ပြု လက်မှတ်များထုတ်ပေးသွားနိုင်ဖို့နဲ့ မြန်မာနိုင်ငံလုပ် သားများအနေနဲ့ လုပ်ငန်းခွင်အဆင်ပြေစေဖို့ အဓိကရည်ရွယ်တယ်လို့ သိရပါတယ်။ ကျောင်းနဲ့ပတ်သက်ပြီး အသေးစိတ်သိချင်ရင်တော့ ၀၉ ၇၃၁ ၉၉၆၀၅ ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။