AKAKARA (အာကာခါရာ) Japanese Hot Pot

Akakara1

ဂျပန်ဆိုင်တွေအများကြီးရှိတဲ့ထဲကမှ Shopping ထွက်ရင်း သွားရလွယ်ကူပြီး သင့်တင့်တဲ့ဈေးနှုန်းနဲ့ မြန်မာလူမျိုးစားသုံးသူတွေအတွက် ဂျပန်ဟော့ပေါ့အရသာကို အပြည့်အဝခံစားနိုင်မယ့် AKAKARA (အာကာခါရာ) Japanese Hot Pot ဆိုင်နဲ့ CEO မဂ္ဂဇင်း စာဖတ်ပရိသတ်ကို မိတ်ဆက်ပေးချင်ပါတယ်။

ဆိုင်တည်နေရာ

ဂမုန်းပွင့် Shopping Mall (ကမ္ဘာအေး) ကမ္ဘာအေးဘုရားလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့မှာရှိပြီး ဖုန်းနံပါတ် ၀၁ ၆၅၃၆၅၃၊ ၀၁ ၆၅၃၆၅၄ တို့ကို ဆက်သွယ်နိုင်ပါတယ်။

ဆိုင်ဖွင့်ချိန်

ဆိုင်ဖွင့်ချိန်ကတော့ မနက် ၁၁ နာရီကနေ ည ၁၀ နာရီထိ ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါတယ်။

Akakara2

ရရှိနိုင်တဲ့ Menu တွေ

Lunch Set Menu တွေကတော့ အာကာခါရာဟော့ပေါ့ Set၊ တန်ပူရာ၊ ဝက်သားကြော်၊ ဂျပန်ဝက်သားပြားကြော်၊ ကြက်သားကင်၊ တယ်ရီယာခိဝက်သားကင်၊ တယ်ရီယာခိကြက်သားကင်၊ ဂျင်းနဲ့ဝက်သားကြော်၊ အာကာခါရာကြက်သားကင်၊ တယ်ရီယာခိစနိုးငါးကင်၊ တယ်ရီယာခိဆဲလ်မွန်ကင်၊ တယ်ရီယာခိဆာဘငါးကင် တို့ကို ထမင်း Set နဲ့တွဲဖက်ထားတာတွေ ရနိုင်ပါတယ်။ Hot Pot ကတော့ အသားအစုံ၊ အသီးအရွက်စုံ၊ ပင်လယ်စာအစုံ (နှစ်ယောက်စာ)၊ Family Set၊ Combination Set တို့ထဲက အဆင်ပြေမယ့်  Set ကို ရွေးချယ်မှာယူနိုင်သလို နှစ်သက်ရာတစ်မျိုးချင်းစီလည်း မှာယူစားသုံးလို့ရပါတယ်။ Hot Pot ရဲ့အစပ်နှုန်းက Level ဆယ်မျိုးလောက်ရှိပြီး ကိုယ်စားနိုင်တဲ့ Level ကို မှာလို့ရနိုင်ပါတယ်။ ဂျပန်စတိုင်လ်ဂုံးပေါင်း၊ ဝက်သားခေါက်ဆွဲအကြွပ်ကြော်၊ အာကာခါရာအာလူးသုတ်စတဲ့ အခြား Side Dish မျိုးစုံ၊ Deep-Fried & Grilled ဟင်းပွဲတွေဖြစ်တဲ့ ကြက်သွန်နီကွင်းကြော်၊ ကြက်တောင်ပံကြော်၊ မရောနစ်ပုဇွန်ကြော်စတာတွေလည်း ရရှိနိုင်ပါတယ်။ ဂျပန်ခေါင်ဆွဲကြော်၊ ကြက်သွန်ဖြူထမင်း၊ ဝက်သားမီဆိုခေါက်ဆွဲကြော် စတာတွေအပြင် အချိုပွဲတွေအဖြစ် ပူတင်း၊ ပျားရည်ဆမ်းပေါင်မုန့်မီးကင်နဲ့ သီးစုံဂျယ်လီတို့လည်း ရနိုင်ပါတယ်။

Akakara3

ဈေးနှုန်းပိုင်း

Hot Pot တစ်ယောက်စာဆိုရင် တစ်သောင်းဝန်းကျင်ခန့်ဖြစ်ပြီး ခြောက်ယောက်စာတစ်ဝိုင်းဆိုရင်တော့ ၃၆,၆၀၀ ကျပ်ရှိပါတယ်။ တခြား Menu တွေအနေနဲ့ကတော့ သုံးထောင်ဝန်းကျင်ကနေ   တစ်သောင်းကျပ်ဝန်းကျင်အထိ ရှိပါတယ်။

Akakara4

Birthday Party နဲ့ Staff Party တွေကျင်းပမယ်ဆိုရင်

Birthday Party ၊ ကုမ္ပဏီအဖွဲ့အစည်းဆိုင်ရာပွဲတွေဆိုရင် ကြိုတင် Booking ယူနိုင်ပြီး ပုံမှန်ရောင်းနေကျ ဈေးနှုန်းနဲ့မတူဘဲ ဈေးနှုန်းသီးသန့်စီစဉ်ပေးတယ်လို့ သိရပါတယ်။