AirAsia လေကြောင်းလိုင်းက အိန္ဒိယမှာ ပထမဆုံးအကြိမ်အဖြစ် စတင်ပျံသန်းပြေးဆွဲ

article landscape wartermark final4 Air Asia India ဟာ အိန္ဒိယနိုင်ငံမှာ လေးခုမြောက်စရိတ်နည်း လေကြောင်း လိုင်းအဖြစ် စတင်ပျံသန်းပြေးဆွဲခဲ့ ပါတယ်။ Banglore ကနေ အိန္ဒိယ နိုင်ငံရဲ့ အရွယ်ပမာဏအသေးငယ်ဆုံး ပြည်နယ် Goa ကို ပြေးဆွဲတာပါ။   မေလ ၃၀ ရက်မှာ စတင်ဖွင့်လှစ် ရောင်းချခဲ့တဲ့ Air Asia ရဲ့ ပထမဆုံး လေကြောင်းခရီးစဉ်အတွက် လက်မှတ် ရောင်းချရာမှာ ဆယ်မိနစ်အတွင်းကုန် သွားခဲ့ပါတယ်။ Air Asia  က ၄၉ ရာခိုင်နှုန်း၊Tata Son  က ၃၀ ရာခိုင်နှုန်း၊Telestra Tradeplace  က ၂၁ ရာခိုင်နှုန်းနဲ့ ပူးပေါင်းလုပ်ကိုင်တဲ့ အဆိုပါလေကြောင်းခရီးစဉ်ရဲ့လေ ယာဉ်လက်မှတ်ခကို အိန္ဒိယရူပီး ၉၉၀ (အမေရိကန်ဒေါ်လာ ၁၆.၇၀) ပဲ သတ်မှတ်ထားပါတယ်။ အရောင်းမြှင့် တင်ရေးအတွက် ရောင်းချတဲ့ လက် မှတ်အရေအတွက် ၂၅,၀၀၀ ဟာလည်း ၄၈ နာရီအတွင်း ရောင်းကုန်ခဲ့ပါတယ်။

Ref: CNA