အရှေ့တောင်အာရှမှာ အကြီးဆုံး ဘတ်ဂျက်လေကြောင်းလိုင်းဖြစ်တဲ့ AirAsia က ဗီယက်နမ်လေကြောင်း ခရီးစဉ်သစ် စတင်ပြေးဆွဲမယ်လို့ သိရပါတယ်။ ဗီယက်နမ်ခရီးစဉ်သစ်အတွက် ဒေသခံမိတ်ဖက်ခရီးသွားလုပ်ငန်း Thien Minh Group နဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိပြီး၊ Airbus A320 နဲ့ A321 လေယာဉ်သစ်တွေ စတင်ဝယ်ယူနေပြီ ဖြစ်ပါတယ်။ AirAsia ကုမ္ပဏီအနေနဲ့ အရှေ့တောင်အာရှလေကြောင်း ပျံသန်းရေးဈေးကွက်မှာ အရှိန်ရလာတဲ့ ဗီယက် နမ်မှာ ခြေကုပ်ရယူဖို့ကြိုးစားနေတာပဲ ဖြစ်ပါတယ်။ 'ဒေသတွင်း ဈေးကွက် အလားအလာအကောင်းဆုံးဖြစ်တဲ့ ဗီယက်နမ်လေကြောင်းပျံသန်းရေးကဏ္ဍမှာ Air Asia အနေနဲ့ ပူးပေါင်းပါဝင်လုပ်ကိုင်လိုပြီး၊ ဒေသခံတွေရဲ့ ဘဝမြှင့် တင်ရေးမှာ ပါဝင်ကူညီမယ်' လို့ Air Asia လေကြောင်းကုမ္ပဏီအမှုဆောင်ချုပ် Tony Fernandes က ပြောကြားခဲ့ပါတယ်။
(၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလထုတ် CEO မဂ္ဂဇင်း)