AIESEC က ကြီးမှူးကျင်းပတဲ့ Global Village : Brining the world to Myanmar

IMG_9592 IMG_9709 IMG_9592 IMG_9602 IMG_9609 IMG_9619 IMG_9635 IMG_9637 ၂၀၁၅ ခုနှစ်၊ သြဂုတ်လ တစ်ရက်၊ နေ့လည် တစ်နာရီကနေ ခြောက်နာရီအထိ ရန်ကုန်မြို့၊ ပြည်သူ့ဥယျာဉ်အတွင်းရှိ The Yangon Gallery မှာ ပြုလုပ်ခဲ့တဲ့ Global Village  : Bringing the world to Myanmar ပွဲမှာ European Union ၊ Sri Lanka ၊ Kenya ၊ China ၊ Hong Kong ၊ Vietnam ၊ Philippines ၊ Indonesia ၊ Malaysia ၊ Thailand ၊ Cambodia ၊ Thailand ၊ Myanmar  စတဲ့နိုင်ငံတွေရဲ့ ယဉ်ကျေးမှု၊ ဓလေ့၊ အစဉ်အလာ၊ လူမျိုး၊ အစားအစာ၊ တည်နေရာအနေအထား စတာတွေနဲ့ပတ်သက်ပြီး လူငယ်တွေက ရှင်းလင်းပြသခဲ့ပါတယ်။ ပွဲနေ့မှာ မြန်မာအဖွဲ့မှ အကအလှနှင့်ဖျော်ဖြေခြင်း၊ Indonesia Embassy မှ ရိုးရာအကတို့နှင့်အတူ နိုင်ငံအသီးသီးမှ မိမိတို့ ယဉ်ကျေးမှု အကအလှများဖြင့် လာရောက်ကြည့်ရှုသူများကို တင်ဆက်ဖျော်ဖြေခဲ့ပါသည်။ AIESEC ဆိုတာက  International Association of Students in Economic and Commercial Sciences ဆိုတာရဲ့ ပြင်သစ်လိုအတိုကောက်စကားလုံးဖြစ်ပါတယ်။ AIESEC ဟာ International Non-Profit Organization တစ်ခုဖြစ်ကာ သူ့ရဲ့ အဖွဲ့ဝင်တွေဟာ အသက် သုံးဆယ်အောက်လူငယ်တွေပဲဖြစ်ပြီး နိုင်ငံအနှံ့ Exchange Program တွေပြုလုပ်ကာ ယဉ်ကျေးမှု၊ စီးပွားရေး၊ လူမှုရေးစတဲ့ အတွေ့အကြုံတွေကိုုဖလှယ်ကြလေ့ရှိပါတယ်။ မြန်မာနိုင်ငံမှာ AIESEC Myanmar  ရှိပြီး သူတို့ရဲ့ Activity တွေကိုတော့ Facebook Page ဖြစ်တဲ့ https://www.facebook.com/aiesecmyanmar မှာ အသေးစိတ်ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါတယ်။