ဆက်သွယ်ချိတ်ဆက်မှုနှင့်ဆက်စပ်တဲ့ အခြေခံအဆောက်အအုံကဏ္ဍဖွံ့ဖြိုးရေး လုပ်ငန်းများလုပ်ကိုင်ရန် ADB မှ Yoma Strategic Holdings ကို ဒေါ်လာသန်း တစ်ရာ ချေးငွေ ပေးမည်

Yoma 4
မြန်မာနိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက်အရေးပါတဲ့ ဆက်သွယ်ချိတ်ဆက်မှု(Connectivity)ဆက်စပ်တဲ့ အခြေခံအဆောက်အအုံကဏ္ဍဖွံ့ဖြိုးရေး လုပ်ငန်းများလုပ်ကိုင်ရန် Yoma Strategic Holdings ကို အာရှဖွံ့ဖြိုး ရေးဘဏ် (Asian Development Bank (ADB)) က  ချေးငွေ ဒေါ်လာသန်း တစ်ရာ ချေးပေးသွားမယ်လို့ သိရပါတယ်။
"စီးပွားရေးအခွင့်အလမ်းသစ်တွေပေါ်ပေါက်လာဖို့၊ ကုန်ကျစရိတ်တွေလျော့ကျလာဖို့၊ ကုန်သွယ်ရေးတိုးမြင့်လာဖို့၊ဒေသပေါင်းစုံနဲ့စီးပွားရေးကဏ္ဍမျိုးစုံမှာ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်နိုင်ဖို့ အတွက် ဆက်သွယ် ချိတ်ဆက်မှုနဲ့ ဆက်စပ်တဲ့ အခြေခံအဆောက်အအုံကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုဟာအလွန်အရေးပါပါတယ်။ မြန်မာနိုင်ငံရဲ့တိုးတက်ရေး အရှိန်မြှင့်စေဖို့ အထောက်အပံ့ ဖြစ်မယ့် ဒီလို အရေးပါတဲ့ လုပ်ငန်းကို Yoma Strategic Holdings နဲ့ အတူ ADB အနေနဲ့ ပံ့ပိုး ပေးနိုင်လို့ ဝမ်းမြောက်မိပါတယ်''လို့  ငွေချေးပေးမယ့် အစီအစဉ်နဲ့ပတ်သက်ပြီး ADB Private Sector Operations Department ညွှန်ကြားရေးမှူး Christopher Thieme ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံဟာ ကမ္ဘာမှာဆက်သွယ်ရေးနှင့်ကြေးနန်းလုပ်ငန်း၊ပို့ဆောင်ဆက်သွယ်ရေးနှင့် ကုန်စည်ထောက်ပံ့ ပို့ဆောင်ရေးကဏ္ဍတွေမှာ ဆက်သွယ်ချိတ်ဆက်မှုအနည်းဆုံးနိုင်ငံတစ်နိုင်ငံ အဖြစ် ရှိနေသေးတယ်လို့ သိရပါတယ်။ ဆက်သွယ်ချိတ်ဆက်မှုနှင့်ဆက်စပ်တဲ့ အခြေခံအဆောက်အအုံကဏ္ဍတွေမှာ လိုအပ်လျက်နေတဲ့ စီးပွားရေး ဆိုင်ရာ ရေရှည်ချေးငွေလိုအပ်ချက်ကို ADB ရဲ့ ချေးငွေက ဖြည့်ဆည်းပေးနိုင်မယ်ရန်မျှော်လင့်ကာ ယခု ချေးငွေကို Yoma အနေဖြင့် သူ့ရဲ့မိတ်ဖက်လုပ်ငန်းရှင်များနှင့်အတူ အခြေခံအဆောက်အအုံဆိုင်ရာ လုပ်ငန်းခွဲများ တစ်ခုချင်းလုပ်ကိုင်ရန် အသုတ် ၂ သုတ်ခွဲပြီး ချေးပေးသွားမှာဖြစ်ကြောင်း၊ ပထမအသုတ်ချေးငွေကို မိုဘိုင်းဆက်သွယ်ရေး တာဝါတိုင်များဆောက်လုပ်ရန်၊ အအေးခန်းသိုလှောင်မှုနှင့် ဆက်စပ်တဲ့ ကုန်စည် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်း အကောင်ထည်ဖော်ရန်၊ ယာဉ်အမျိုးမျိုး ငှားရမ်းခြင်း လုပ်ငန်းခေတ်မီစေရန် ရင်းနှီးမြှုပ်နှံသွားမှာဖြစ်ကြောင်း၊ ဒုတိယအသုတ်ကို ပို့ဆောင်ရေး၊ ဖြန့်ဖြူးရေး၊ကုန်စည်ထောက်ပံ့ပို့ဆောင်ရေး လုပ်ငန်း နှင့်အခြား ကဏ္ဍတွေမှာ လုပ်ဆောင်မယ့်  စီမံကိန်းများအတွက် ရင်းနှီးမြှုပ်နှံသွားမှာဖြစ်ကြောင်း သိရပါတယ်။
“မြန်မာနိုင်ငံရဲ့ အခြေခံအဆောက်အအုံကဏ္ဍဖွံ့ဖြိုးရေးအတွက် ADB က Yoma နဲ့ လက်တွဲဆောင်ရွက်ဖို့ ရွေးချယ်မှုဟာ Yoma အတွက်အခွင့်ကောင်းတစ်ရပ်ဖြစ်ပါတယ်။ ဒီချေးငွေဟာ ကျွန်တော်တို့ရဲ့ မြန်မာနိုင်ငံ ဆက်သွယ်ချိတ်ဆက်မှု ဖွံ့ဖြိုးရေး ဆိုတဲ့ရည်မှန်းချက်ကို ပံ့ပိုးပေးပြီး ယင်းမှတစ်ဆင့် ပြည်တွင်းဈေးကွက် ပိုမို ခိုင်မာလာဖို့၊ ကုန်ထုတ်လုပ်နှုန်းတိုးတက်လာဖို့နဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ပေါ်ပေါက်လာဖို့တို့ကိုပါ အထောက်အကူပြုမှာဖြစ်ပါတယ်”ဟု Yoma Strategic Holdings ၏ အမှုဆောင်ဥက္ကဌ Serge Pun မှပြောကြားခဲ့ပါတယ်။
Yoma 2 Yoma 3
Yoma 1 Yoma 5